စပါးကွင်းလယ်လူ အယ်လီ နေအိမ်အတွင်း ဓားပြများ၏ ဓားထောက်လုယက်မှုခံခဲ့ရ

စပါးကွင်းလယ်လူ အယ်လီ နေအိမ်အတွင်း ဓားပြများ၏ ဓားထောက်လုယက်မှုခံခဲ့ရ
Published 14 May 2020

Daily Mail ၏ ဖော်ပြချက်အရ လန်ဒန်တွင် နေထိုင်သည့် အယ်လီ၏ နေအိမ်ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦး ဝင်ရောက်ခဲ့ပြီး အယ်လီကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စပါးကွင်းလယ်လူ အယ်လီသည် မေလ(၁၃) ရက်က သူ၏နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဓားပြများ၏ ဓားထောက်လုယက်မှုကို ခံခဲ့ရကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Daily Mail ၏ ဖော်ပြချက်အရ လန်ဒန်တွင် နေထိုင်သည့် အယ်လီ၏ နေအိမ်ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦး ဝင်ရောက်ခဲ့ပြီး အယ်လီကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အယ်လီသည် လန်ဒန်ရှိ နေအိမ်တွင် သူ၏ချစ်သူအပြင် အစ်ကိုဖြစ်သူ ဟာရီဟစ်ဖို့ဒ်တို့စုံတွဲနှင့် အတူနေ ထိုင်ကြောင်း သိရသည်။

အယ်လီ၏ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဓားပြများသည် အယ်လီအား ဓားထောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး အိမ်မှ မထွက်ခွာမီ ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော် အယ်လီအနေဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခြင်းမရှိဘဲ မျက်နှာတွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ဓားပြများ သည် လက်ဝတ်ရတနာများနှင့် နာရီများကို ယူသွားခဲ့ကြကြောင်း သိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိ အယ်လီသည် နေအိမ်အတွင်း ဓားပြများ ဝင်ရောက်ခဲ့သည့် CCTV မှတ်တမ်းကို ရဲတပ်ဖွဲ့ထံ ပေးပို့ထားပြီး ရဲများက ကျူးလွန် သူများကို စုံစမ်းနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မေလ(၁၃)ရက်၊ ဗုဒ္ဓ ဟူး နံနက် (ဝဝး၃၅) တွင် ဘားနတ်၌ နေအိမ်ဖောက်ထွင်းခံရသည်ဟု ၎င်းထံ ဖုန်းဆက်ကြောင်း၊ ယင်းဖောက်ထွင်းမှုတွင် အဖိုးတန်လက်ဝတ်ရတနာနှင့် နာရီများကို ဓားပြများ ယူဆောင်သွားကြောင်း၊ အသက်(၂၀)ကျော်အရွယ် အမျိုးသားမှာ အထိုးခံခဲ့ရသော်လည်း ဒဏ်ရာပြင်းထန်မှုမရှိကြောင်းနှင့် ကျူးလွန်သူများကို ရှာဖွေနေကြောင်း” ပြောကြားခဲ့သည်။

Most Read

Most Recent