ဂျာမန်ဖလားဗိုလ်လုပွဲကို ဇူလိုင်(၄)တွင် ကျင်းပမည်ဟု ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB)  ကြေညာ

ဂျာမန်ဖလားဗိုလ်လုပွဲကို ဇူလိုင်(၄)တွင် ကျင်းပမည်ဟု ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB)  ကြေညာ
Photos: Getty Images
Photos: Getty Images
Published 13 May 2020

ဂျာမန်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ် နှင့် ဖရန့်ဖတ်၊ ဆားဘရူကန်နှင့် လေဗာကူဆင်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။  အဆိုပါဆီမီးဖိုင်နယ်ပွဲစဉ်များမှာ မူလက ဧပြီ(၂၁၊ ၂၂)ရက်များတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုအခါ ဇွန် လ(၉)ရက်နှင့် (၁၀)ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) သည် ယခုရာသီ ဂျာမန်ဖလားဗိုလ်လုပွဲကို ဇူလိုင်(၄)ရက်နေ့ တွင် ကျင်းပမည်ဟု အတည်ပြုကြေညာခဲ့သည်။

၂၀၁၉-၂၀ ရာသီ ဂျာမန်ဖလား ဗိုလ်လုပွဲမှာ မူလပွဲစဉ်ရေးဆွဲထားမှု အရ မေ(၂၃)တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲများ ရပ်နားခဲ့ရသည့်အတွက် ယခုကဲ့သို့ အပြောင်းအလဲဖြစ်ခဲ့ခြင်းဖြစ်သည်။



 

ဂျာမန်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ် နှင့် ဖရန့်ဖတ်၊ ဆားဘရူကန်နှင့် လေဗာကူဆင်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။  အဆိုပါဆီမီးဖိုင်နယ်ပွဲစဉ်များမှာ မူလက ဧပြီ(၂၁၊ ၂၂)ရက်များတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုအခါ ဇွန် လ(၉)ရက်နှင့် (၁၀)ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

အဆိုပါ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကို ဘွန်ဒစ်လီဂါပြိုင်ပွဲနည်းတူ ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပသွားရမည်ဖြစ်သည်။ ဗိုလ်လုပွဲကို ဘာလင်မြို့တွင် ကျင်းပသွားမည်ဖြစ် ပြီး လက်ရှိချန်ပီယံမှာ ဘိုင်ယန်မြူးနစ်အသင်းဖြစ်သည်။ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖရစ်ဇ်ကယ်လာ က "ဂျာမန်ဖလားပွဲရော၊ အမျိုးသမီး ဘွန်ဒစ်လီဂါပြိုင်ပွဲကိုရော ကျင်းပခွင့် ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားခဲ့ပြီးသားပါ" ဟု ပြောကြားခဲ့သည်။ အမျိုးသမီးဘွန်ဒစ်လီဂါပြိုင်ပွဲ ကိုလည်း မေ(၂၉)တွင် စတင်မည်ဟု သိရသည်။

Most Read

Most Recent