ဦးမျိုးလှိုင်ဝင်းပြောပြသည့် နည်းပြဘ၀ အမှတ်တရအဖြစ်ဆုံး (၅) ပွဲ

ဦးမျိုးလှိုင်ဝင်းပြောပြသည့် နည်းပြဘ၀ အမှတ်တရအဖြစ်ဆုံး (၅) ပွဲ
Photos: MFF
Photos: MFF
Published 11 May 2020

ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့ဘောလုံးပရော်ဖက်ရှင်နယ်စနစ် မပြောင်းလဲမီကတည်းက နည်းပြဘဝသို့ ကူးပြောင်းခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း၏ အခြေခံအုတ်မြစ်အသင်းဖြစ်သော Air Bagan အသင်းတွင် နည်းပြဘဝစတင်ခဲ့သူဖြစ်သည်။ ယင်းနောက် ဦးမျိုးလှိုင်ဝင်းသည် ပရိုစနစ်ကူးပြောင်းပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းကို ကိုင်တွယ်ခဲ့ပြီး နေပြည်တော်အသင်းသို့ ပြောင်းရွှေ့ခဲ့သလို လက်ရှိတွင် ဧရာဝတီယူနိုက်တက်အသင်းကို ကိုင်တွယ်နေသူဖြစ်သည်။

ထို့ပြင် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၈ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။ ဦးမျိုးလှိုင်ဝင်းသည် ကစားသမားဘဝတွင် အောင်မြင်မှု ရခဲ့သူဖြစ်သလို၊ နည်းပြဘဝတွင်လည်း ထိုက်သင့်သည့်အောင်မြင်မှုရအောင် စွမ်းဆောင်ထားနိုင်သူဖြစ်သည်။ နည်းပြသက်တမ်းဆယ်စုနှစ် တစ်ခုကျော်ကြာမြင့်လာပြီဖြစ်သည့် ဦးမျိုးလှိုင်ဝင်းအနေဖြင့် ပွဲပေါင်းများစွာ ကိုင်တွယ်ထားပြီး ယင်းပွဲများအနက် အမှတ်တရအဖြစ်ဆုံး (၅) ပွဲအား ၎င်းကိုယ်တိုင်ရွေးချယ်ထားမှုများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

 

Most Read

Most Recent