Chinese 8 Ball ပြိုင်ပွဲ တတိယပတ်ပွဲစဉ်များ ယနေ့စတင်မည်ဖြစ်ပြီး ဘုန်းမြင့်ကျော်နှင့် ကမ္ဘာ့ချန်ပီယံဟောင်း တရုတ်ကစားသမား တွေ့ဆုံ

Chinese 8 Ball ပြိုင်ပွဲ တတိယပတ်ပွဲစဉ်များ ယနေ့စတင်မည်ဖြစ်ပြီး ဘုန်းမြင့်ကျော်နှင့် ကမ္ဘာ့ချန်ပီယံဟောင်း တရုတ်ကစားသမား တွေ့ဆုံ
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 3 May 2020

 

တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် Chinese 8 Ball ပြိုင်ပွဲ တတိယပတ်ပွဲစဉ်များကို မေ (၃) ရက် (ယနေ့) စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် ကမ္ဘာ့ချန်ပီယံဟောင ်း တရုတ်ကစားသမား နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

တတိယပတ်ပွဲစဉ်များကို မေ (၃) ရက်မှ (၅) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘုန်းမြင့်ကျော်အနေဖြင့် (၂)ပွဲယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ကမ္ဘာ့ချန်ပီယံဟောင်း လီဟိုင်ထောင်နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး (၃)ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် လီဟိုင်ထောင် နှင့် တွေ့ဆုံခဲ့သည့် (၂)ကြိမ်စလုံး အရေးနိမ့် ထားပြီး ယခုပွဲတွင် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယခုပြိုင်ပွဲတွင် အဖွင့်(၂)ပွဲဆက်တိုက်အနိုင်ရ ထားပြီး တတိယပွဲယှဉ်ပြိုင်ရခြင်းဖြစ်သည်။ 

လီဟိုင်ထောင်မှာမူ အဖွင့်ပွဲ ယှဉ်ပြိုင်ကစား ရခြင်းဖြစ်ပြီး (၂)ဦးစလုံးအတွက် အရေးပါလျက်ရှိသည်။ ဘုန်းမြင့်ကျော်သည် လီဟိုင်ထောင်နှင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်က ကျင်းပသည့် တရုတ်ပြိုင်ပွဲတွင် တစ်ကြိမ်တွေ့ဆုံခဲ့ ရာ (၂)ကြိမ်စလုံး အရေးနိမ့်ထားခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် မေ (၃) ရက်တွင် လီဟိုင်ထောင်နှင့် ယှဉ်ပြိုင်ပြီးပါက မေ (၅) ရက်တွင် ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်သည့် ကျန်ယူဘိုနှင့် ဆက်လက်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်း (၂)ပွဲတွင် ရလဒ်ကောင်းပါက ဒုတိယအဆင့်သို့ တက်ရောက်နိုင်ရန် အခွင့်အရေးကောင်း သွားမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲ အုပ်စုလက်ကျန် (၅)ပွဲကို မေလအတွင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မေ (၃)၊ (၅) ရက်တွင် ယှဉ်ပြိုင်ပြီးပါက မေ (၁၅)၊ (၁၆)၊ (၃၁) ရက်တွင် (၃)ပွဲ ထပ်မံကစားရမည်ဖြစ်သည်။ 

ပထမအဆင့် ပွဲစဉ်များအပြီးတွင် ဒုတိယအဆင့်သို့ (၅)ဦး တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ပတ်လည်စနစ် ထပ်မံကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို သြဂုတ်အထိ ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်ပွဲစဉ်များကို ဇွန်လတွင် စတင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ဆုကြေးစုစုပေါင်း မြန်မာငွေ ကျပ်သိန်း (၂၆၀၀) နှင့်ညီမျှသည့် ပမာဏ ချီးမြှင့်မည်ဖြစ်ပြီး ချန်ပီယံဆုရသည့် ကစားသမားမှာ ဆုကြေးအဖြစ် မြန်မာငွေ ကျပ်သိန်း (၁၀၀၀) အထိ ရရှိမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် တရုတ် နိုင်ငံအနေဖြင့် Pool ပြိုင်ပွဲများ စတင်ကျင်းပ နေပြီဖြစ်သော်လည်း ပရိသတ်များ ကြည့်ရှု ခွင့်မပြုသေးဘဲ ရုပ်သံမှသာ ကြည့်ရှုရခြင်း ဖြစ်သည်။ 

Chinese 8 Ball ပြိုင်ပွဲကို ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ ကစားသမားများနှင့် ရုပ်သံရိုက်ကူးသူများသာ ဝင်ရောက်ခွင့်ပြုပြီး သြဂုတ် (၁၈) ရက် အထိ (၄)လကြာကျင်းပနေသည့် ပြိုင်ပွဲဖြစ် သည်။

 

Most Read

Most Recent