ပြိုင်ပွဲပြန်မစမီ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ပရီးမီးယားလိဂ်အသင်းများ ဆန္ဒရှိနေ

ပြိုင်ပွဲပြန်မစမီ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ပရီးမီးယားလိဂ်အသင်းများ ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 30 April 2020

ပရီးမီးယားလိဂ်အသင်းများသည် ပြိုင်ပွဲပြန်မစမီ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ရပ်နားထားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လတွင် ပြန်လည်စတင်ရန် စီစဉ်နေပြီး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည်ဖြစ်၍ ယင်းအခြေအနေနှင့် ကစားသမားများ ရင်းနှီးမှုရှိစေရန် ပရီးမီးယားလိဂ်အသင်းများက ခြေစမ်းပွဲကစားလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ကလပ်အသင်းအချို့မှာ လက်ရှိအချိန်တွင် လေ့ကျင့်ရေးကွင်းများ၌ ပြန်လည်လေ့ကျင့်နေကြပြီဖြစ်သော်လည်း အသင်းလိုက်ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးပေ။ 

ထို့ကြောင့် ခြေစမ်းပွဲ ကစားခြင်းဖြင့် ပြင်ဆင်ရန် လိုလားနေခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်အသင်းများသည် သောကြာနေ့တွင် ပြိုင်ပွဲပြန်စတင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပြီး သတင်းထွက်ခဲ့သည့်အတိုင်း ကြားကွင်းများရွေးချယ်ကာ ယှဉ်ပြိုင်ရမည်ဆိုပါက အဆိုပါကွင်းများတွင် နီးစပ်ရာအသင်းများနှင့် ခြေစမ်းကစားသွားရန် စီစဉ်သွားဖွယ်ရှိကြောင်း သိရှိရသည်။

 

Most Read

Most Recent