ရက်သတ္တပတ်(၆)ပတ်အတွင်း ဒီဘားလား၏ ဗိုင်းရပ်စ်စစ်ဆေးမှု စတုတ္ထအကြိမ်တွင်လည်း Positive အဖြေထွက်နေသေး

ရက်သတ္တပတ်(၆)ပတ်အတွင်း ဒီဘားလား၏ ဗိုင်းရပ်စ်စစ်ဆေးမှု စတုတ္ထအကြိမ်တွင်လည်း Positive အဖြေထွက်နေသေး
Photo: Dybala Instagram
Photo: Dybala Instagram
Published 30 April 2020

 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားသည် ရက်သတ္တပတ်(၆)ပတ်အတွင်း ဗိုင်းရပ်စ်စစ်ဆေးမှု စတုတ္ထအကြိမ်တွင်လည်း Positive အဖြေထွက်နေသေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ထို့ကြောင့် ဒီဘားလားအနေဖြင့် ကြပ်ကြပ်မတ်မတ်ကုသမှု ခံယူသွားရဖွယ်ရှိနေကြောင်း သိရသည်။

အာဂျင်တီးနားတိုက်စစ်မှူးသည် မတ်လ(၂၁)ရက်က ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုကြေညာခဲ့ပြီး သူ၏ချစ်သူ အော်ရီယာနာမှာလည်း ကူးစက်ခံခဲ့ရသည်။

စပိန်မီဒီယာ El Chiringuito ၏ဖော်ပြချက်အရ ဒီဘားလားသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီးကတည်းက (၄)ကြိမ်တိတိ စစ်ဆေးခဲ့ပြီး နောက်ဆုံးစစ်ဆေးမှုတွင်လည်း Positive အဖြေပင် ထွက်ထားခဲ့သည်။

ဒီဘားလားသည် ယခုလအစောပိုင်းက ဗိုင်းရပ်စ်ကိုတွန်းလှန်ခဲ့ရသည့် အတွေ့အကြုံနှင့် အသက်ရှူရန် မည်သို့ခက်ခဲကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

သို့သော် ယင်းအချိန်က သူနှင့်ချစ်သူဖြစ်သူပါ နေပြန်ကောင်းနေပြီး ရောဂါလက္ခဏာများမရှိတော့ကြောင်း အတိအလင်းပြောကြားထားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းတွင် ဒီဘားလားအပါအဝင် နောက်ခံလူ​ ရူဂါနီနှင့် ကွင်းလယ်လူ မာတွီဒီတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။

လက်ရှိတွင် ရူဂါနီနှင့် မာတွီဒီမှာ ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်း တရားဝင်ကြေညာထားသည်။

 

Most Read

Most Recent