အစိုးရအကူအညီမယူရန် ကလပ်အသင်းက ဆုံးဖြတ်ပြီးနောက် လစာ (၂၅)ရာခိုင်နှုန်းလျှော့ယူရန် ဗီလာကစားသမားများ သဘောတူ

အစိုးရအကူအညီမယူရန် ကလပ်အသင်းက ဆုံးဖြတ်ပြီးနောက် လစာ (၂၅)ရာခိုင်နှုန်းလျှော့ယူရန် ဗီလာကစားသမားများ သဘောတူ
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 28 April 2020

 

ဗြိတိန်အစိုးရက လစာစိုက်ထုတ်ပေးမည့်အကူအညီကို မယူတော့ရန် ကလပ်အသင်းက ဆုံးဖြတ်ခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်း ကစားသမားများသည် ၎င်းတို့ရရှိမည့် လစာငွေ (၄)လစာအတွက် (၂၅)ရာခိုင်နှုန်းလျှော့ယူပေးရန် သဘောတူခဲ့ကြကြောင်း သိရှိရသည်။

အက်စတွန်ဗီလာအသင်းအပါအဝင် လီဗာပူးလ်၊ စပါး၊ ဘုန်းမောက် အသင်းများသည်လည်း မူလက အစိုးရက လစာ(၈၀)ရာခိုင်နှုန်းကို စိုက်ထုတ်ပေးမည့် အကူအညီကို ရယူရန် ဆုံးဖြတ်ခဲ့သော်လည်း မီဒီယာများနှင့် ပရိသတ်များ၏ ဝေဖန်မှုများကြောင့် ယင်းဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ကြပြီး အကူအညီမယူတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုအခါ ဗီလာအသင်းကစားသမားများသည် အစိုးရအကူအညီကိုမယူသည့် အသင်း၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး လစာနိမ့်ဝန်ထမ်းများကို လစာပေးချေရန်အတွက် ၎င်းတို့၏ လစာငွေကို လျှော့ယူရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဗီလာအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ခရစ္စတီယန်ပါစလိုးက "ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေနဲ့ လစာငွေကိစ္စ သဘောတူညီမှု ရရှိခဲ့ပါပြီ။ အောက်ခြေဝန်ထမ်းတွေကို ကူညီဖို့အတွက် သူတို့ရဲ့ လစာငွေရဲ့ (၂၅)ရာခိုင်နှုန်းကို (၄)လစာလျှော့ယူပေးမှာဖြစ်ပါတယ်။ ကစားသမားတွေအပါအဝင်၊ နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ မြင့်မားတဲ့ လစာရရှိနေသူတွေပါ ပါဝင်မှာပါ" ဟု ဆိုခဲ့သည်။

 

Most Read

Most Recent