ပေါင်သန်းရာချီသည့် ခေါ်ယူမှုများကို မေ့ထားရမည်ဟု အက်ဒ်ဝုဒ်ဝက်ဒ်သုံးသပ်

ပေါင်သန်းရာချီသည့် ခေါ်ယူမှုများကို မေ့ထားရမည်ဟု အက်ဒ်ဝုဒ်ဝက်ဒ်သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 25 April 2020

မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်အသင်းများ၏ စီးပွားရေးအခြေအနေမှာ ပုံမှန်မဟုတ်သဖြင့် ပေါင်သန်းရာချီသည့် ခေါ်ယူမှုများအကြောင်း မေ့ထားရမည်ဟု သုံးသပ်ပြောကြားသည်။

ဧပြီ (၂၄) ရက်က မန်ယူအသင်းပရိသတ်များ၏ဖိုရမ်တွင် ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားစဉ် အက်ဒ်ဝုဒ်ဝက်ဒ်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။   

''ဘောလုံးလောကမှာရှိသူအားလုံး စိန်ခေါ်မှုရင်ဆိုင်နေရချိန်မှာ ထင်ယောင်ထင်မှားကိစ္စတွေ ရှိမနေသင့်ပါဘူး။ နွေရာသီအပြောင်း အရွှေ့စျေးကွက်မှာ ကျွန်တော်တို့အပါအဝင် ကလပ်အသင်းအားလုံးရဲ့ စီးပွားရေးအခြေအနေက ပုံမှန်အတိုင်း ရှိနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အသင်းအောင်မြင်မှုရဖို့ပါ။ ဒါပေမဲ့ အားလုံးရင်ဆိုင် နေရတဲ့ အခြေအနေရဲ့ သက်ရောက်မှုကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ လိုပါတယ်။ ဒီအချက်ကို အခြေခံပြီးပြောရရင် ဒီနွေရာသီမှာ ကစားသမားတစ်ဦးကို ပေါင်သန်းရာချီ ပေးပြီး ခေါ်ယူမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ကူညီပေးနိုင်ဖို့မရှိပါဘူး'' ဟု ၎င်းကပြောကြားသည်။



    

သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်း တောင်ပံကစားသမား ဆန်ချိုကို ပေါင်သန်း (၁၃၀)၊ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၁၅၀) ဖြင့် ခေါ်ယူ မည့် ခန့်မှန်းသတင်းများမှာ ဖြစ်နိုင်ခြေနည်း ပါးနေကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဆန်ချိုကို ခေါ်ယူနိုင်ခြင်းမရှိပါက Plan B အဖြစ် ဗီလာအသင်းခေါင်းဆောင် ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent