ဘွန်ဒစ်လီဂါအနေဖြင့် လက်ရှိအချိန်တွင် ဧပြီ(၃၀)ရက်နေ့အထိ ပြိုင်ပွဲအား ရွှေ့ဆိုင်းထားပြီး အစိုးရ၏ သြဂုတ်(၃၁)ရက်နေ့အထိ လူစုဝေးခြင်းမပြုရအမိန့်အရ ပြိုင်ပွဲအကြီးအကဲ ခရစ္စရှန်ဆီးဖာ့တ်၏ အကြံပြုချက်အတိုင်း ပြိုင်ပွဲစတင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်။
ဂျာမနီအစိုးရ၏ လူစုဝေးခြင်းမပြုရအမိန့်ကြောင့် မူလက မျှော်မှန်းထားသည့် မေလတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်စရန် ဖြစ်နိုင်ခြေနည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲအကြီးအကဲ ခရစ္စရှန်ဆီးဖာ့တ်က ပြိုင်ပွဲအား မေလတွင် ပြန်လည်စတင်ပြီး ပရိသတ်မပါဘဲ ကျင်းပလျှင် ဖြစ်နိုင်မည်ဟု အကြံပြုခဲ့သည်။

သို့ရာတွင် ဂျာမနီအကြီးအကဲ မာကယ်လ်သည် သက်ဆိုင်ရာဒေသအသီးသီး၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလတွင် လူစုဝေးခြင်းမပြုရအမိန့်အား သြဂုတ်(၃၁)ရက်နေ့အထိ တိုးမြှင့်ခဲ့သည်။
ဘွန်ဒစ်လီဂါအနေဖြင့် လက်ရှိအချိန်တွင် ဧပြီ(၃၀)ရက်နေ့အထိ ပြိုင်ပွဲအား ရွှေ့ဆိုင်းထားပြီး အစိုးရ၏အမိန့်အရ ပြိုင်ပွဲအကြီးအကဲ ခရစ္စရှန်ဆီးဖာ့တ်၏ အကြံပြုချက်အတိုင်း ပြိုင်ပွဲစတင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်။

ဘာဗေးရီးယားဒေသအကြီးအကဲ မားကပ်စ်ဆိုဒါးက "ဘွန်ဒစ်လီဂါအတွက် ဆွေးနွေးရမယ့်အချိန်မဟုတ်ပါဘူး။ ဘောလုံအသင်းတွေက စည်းကမ်းချက်တွေကို လိုက်နာနေဆဲဖြစ်ပြီး မကြာမီမှာ ပြိုင်ပွဲအတွက် ဆွေးနွေးရမယ့်အချိန် ရောက်လာမှာပါ။ ဘယ်လိုကစားသွားမလဲ၊ ဘယ်အချိန်ပြန်စမလဲဆိုတာတွေနဲ့ ပတ်သက်လို့ပေါ့။ လက်ရှိမှာတော့ အမိန့်အရ သြဂုတ်(၃၁)ရက်နေ့အထိ ကြီးမားတဲ့လူစုလူဝေး ပြုလုပ်ခွင့်မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
ဘောလုံးပြန်ကစားနိုင်ခြင်းမရှိသည်နှင့်အမျှ ဘွန်ဒစ်လီဂါအသင်းများအပါအဝင် အောက်တန်းလိဂ်များ၏ ဘဏ္ဍာရေးအခြေအနေမှာ တိုး၍ ကျပ်တည်းလာဖွယ် ရှိနေကြောင်း သိရသည်။










