ဂရီးဇ်မန်းကို ထိန်းသိမ်းသင့်ပြီး အူဘာမီယန်းကိုမူ မဝယ်ယူသင့်ဟု ဘာစီလိုနာအသင်းအား ရီဗယ်လ်ဒို အကြံပြု

ဂရီးဇ်မန်းကို ထိန်းသိမ်းသင့်ပြီး အူဘာမီယန်းကိုမူ မဝယ်ယူသင့်ဟု ဘာစီလိုနာအသင်းအား ရီဗယ်လ်ဒို အကြံပြု
Published 16 April 2020

ဘာစီလိုနာအသင်းသည် ကာလကြာရှည်စိတ်ဝင်စားနေသော အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ဂရီးဇ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းထွက်နေပြီး ကစားသမားဟောင်း နေမာကို မခေါ်ယူနိုင်ပါက အူဘာမီယန်အား ခေါ်ယူသွားမည်ဟူ၍လည်း သတင်းများထွက်ပေါ်နေသည်။

 

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရီဗယ်လ်ဒိုက ဘာစီလိုနာအသင်းအနေဖြင့် ဂရီးဇ်မန်းကို အသင်းတွင် ဆက်လက်ထိန်းသိမ်းသင့်ပြီး အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကိုမူ မဝယ်ယူသင့်ဟု အကြံပြုခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် အသင်းတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး အပြောင်းအရွှေ့ပေါ်လစီများနှင့် ပတ်သက်၍လည်း ကောလာဟလမျိုးစုံ ပေါ်ထွက်နေလျက်ရှိသည်။

ကာလကြာရှည်စိတ်ဝင်စားနေသော အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ဂရီးဇ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းထွက်နေပြီး ကစားသမားဟောင်း နေမာကို မခေါ်ယူနိုင်ပါက အူဘာမီယန်အား ခေါ်ယူသွားမည်ဟူ၍လည်း သတင်းများထွက်ပေါ်နေသည်။

ဘာစီလိုနာအသင်းတွင် ခြေစွမ်းပြခဲ့သော ရီဗာလ်ဒိုက "ဂရီးဇ်မန်းကို လော်တာရိုမာတီနက်ဇ်အတွက် အလဲအထပ်ပေးမယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါမှမဟုတ် နေမာ အဝင်၊ ဂရီးဇ်မန်းအထွက်ပေါ့။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တာကတော့ ဘာစီလိုနာအသင်းအနေနဲ့ ဂရီးဇ်မန်းအတွက် အချိန်ပိုပေးသင့်တယ်လို့ မြင်ပါတယ်။ လာလီဂါမှာ သူက ကောင်းကောင်းအသားကျပြီးသားပါ။ ဘာစီလိုနာက စိတ်နည်းနည်းပိုရှည်မယ်ဆိုရင် သူ့အနေနဲ့ သူ့ကိုယ်ရည်ကိုယ်သွေးကို ပြည့်ပြည့်ဝ၀ ပြနိုင်မယ်၊ ယုံကြည်မှု ပိုရှိလာလိမ့်မယ်လို့ ထင်ပါတယ်"ဟု သုံးသပ်ခဲ့သည်။

ထို့ပြင် စာချုပ်သက်တမ်းကုန်ဆုံးရန် (၁၂)လကျော်သာ ကျန်ရှိတော့သော အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် မလိုအပ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ရီဗယ်လ်ဒိုက "အူဘာမီယန်းက ကစားသမားကောင်းတစ်ဦးပါ။ ဒါပေမဲ့ ဘာစီလိုနာအနေနဲ့ သူတို့ကစားပုံနဲ့ အံဝင်ပါ့မလားဆိုတာကို စဉ်းစားရပါမယ်။ ဒါက ဥက္ကဌတစ်ဦးရဲ့ အမြင်၊ ဘုတ်အဖွဲ့ရဲ့အမြင်လောက်နဲ့ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ပါဘူး လက်ရှိနည်းပြရဲ့ ကစားကွက်နဲ့ အံဝင်မယ့်သူဟုတ်ပါ့မလားဆိုတာကို မေးခွန်းထုတ်ရမှာပါ"ဟု  မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent