Reims အသင်းနောက်ခံလူ ဒီယာဆီအား ပေါင်(၁၅)သန်းဖြင့် ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်

Reims အသင်းနောက်ခံလူ ဒီယာဆီအား ပေါင်(၁၅)သန်းဖြင့် ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်
Published 16 April 2020

Reims အသင်းသည် ၂၀၁၉-၂၀ ရာသီတွင် ဥရောပထိပ်တန်းလိဂ်(၅)ခုအနက် ခံစစ်စွမ်းဆောင်ရည် ဒုတိယအကောင်းဆုံးအသင်းဖြစ်ပြီး အဆိုပါစွမ်းဆောင်ရည်တွင် ဒီယာဆီက အဓိကကျသူဖြစ်သည်။

 

အာဆင်နယ်အသင်းသည် ပြင်သစ်လီဂူးကလပ် Reims အသင်းနောက်ခံလူ ဒီယာဆီ(၂၂ နှစ်)အား ပေါင်(၁၅)သန်းဖြင့် ခေါ်ယူရန် ချဉ်းကပ်နေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဒီယာဆီအား ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့က ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

၎င်းသည် လာမည့်နှစ်၊ ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ Reims အသင်းက နွေရာသီအပြောင်းအရွှေ့ကာလတွင် အပြီးသတ်ရောင်းထုတ်သွားဖွယ် ရှိနေသည်။

Reims အသင်းသည် ၂၀၁၉-၂၀ ရာသီတွင် ဥရောပထိပ်တန်းလိဂ်(၅)ခုအနက် ခံစစ်စွမ်းဆောင်ရည် ဒုတိယအကောင်းဆုံးအသင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်တစ်သင်းသာ Reims အသင်း၏ (၂၁)ဂိုးထက် လျော့နည်း၍ ပေးထားရသည်။

Reims အသင်း၏ အဆိုပါစွမ်းဆောင်ရည်တွင် ဒီယာဆီက အဓိကကျသူဖြစ်ပြီး နည်းပြ အာတီတာ၏ သဘောကျခြင်းကို ခံနေရသည်။

အာဆင်နယ်အသင်းနှင့် Reims အသင်းတို့သည် ဒီယာဆီအတွက် အပြောင်းအရွှေ့ဆွေးနွေးမှုများကို စတင်နေပြီဟု နီးစပ်သည့်သတင်းများက ဖော်ပြနေကြပြီး ပြောင်းရွှေ့ကြေးမှာ ပေါင်(၁၅)သန်းဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်နွေရာသီတွင် ပြီးခဲ့သည့်ရာသီက ခေါ်ယူထားခဲ့သော စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာလည်း ရောက်ရှိလာမည်ဖြစ်သည်။

အာဆင်နယ်အသင်းအနေဖြင့် ဒီယာဆီအား ခေါ်ယူနိုင်ခဲ့ပါက လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနိုကို ခေါ်ယူရန် ကြိုးစားတော့မည်မဟုတ်ဘဲ အသုံးစရိတ်ကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent