လက်ရှိအချိန်တွင် Amazon ကုမ္ပဏီသည် အသင်းနှင့် သဘောတူညီမှုရရန် လိုအပ်သေးသော်လည်း စပါးအသင်းအား ဝတ်စုံစပွန်ဆာပေးထားသည့် ထိပ်တန်းအားကစားကုမ္ပဏီကြီး Nike ကလည်း ကွင်းအမည်ရယူရန် စိတ်ဝင်စားနေ၍ ပြိုင်ဆိုင်မှုပြင်းထန်နေကြောင်း သိရသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီးဇော့စ် ပိုင်ဆိုင်သော Amazon ကုမ္ပဏီသည် စပါးအသင်း၏ အိမ်ကွင်းအမည်ရပိုင်ခွင့်အား ပေါင်သန်း(၂၅၀)ဖြင့် ဝယ်ယူသွားရန် စဉ်းစားနေကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စပါးအသင်းသည် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး ကွင်းအမည်အား ရောင်းချခြင်းမှ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်မည်ဖြစ်သည်။

Amazon ကုမ္ပဏီသည် ပြီးခဲ့သည့်ရက်က စျေးကွက်တန်ဖိုး ဒေါ်လာ(၁)ထရီလီယံ ပြည့်မြောက်သွားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အမှုထားစရာမလိုသည့် အနေအထားတွင် ရှိနေသည်။
လက်ရှိအချိန်တွင် သဘောတူညီမှုရရန် လိုအပ်သေးသော်လည်း စပါးအသင်းအား ဝတ်စုံစပွန်ဆာပေးထားသည့် ထိပ်တန်းအားကစားကုမ္ပဏီကြီး Nike ကလည်း ကွင်းအမည်ရယူရန် စိတ်ဝင်စားနေ၍ ပြိုင်ဆိုင်မှုပြင်းထန်နေကြောင်း သိရသည်။

Amazon ကုမ္ပဏီသည် လတ်တလောတွင် စပါးအသင်းနှင့် All or Nothing ဟူသည့် documentary တစ်ပုဒ်ရိုက်ကူးထား၍ ခိုင်မာသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်သည်။
စပါးဥက္ကဌ လီဗီက ကွင်းအမည်ရပိုင်ခွင့်အတွက် တစ်နှစ်လျှင်ပေါင်(၂၅)သန်းဖြင့် (၁၀)နှစ်စာအတွက် ပေါင်သန်း(၂၅၀)တန်ဖိုးရှိသည့် ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရသည်။

စပါးအသင်းသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်တွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သဖြင့် ပုံရိပ်တန်ဖိုး ပိုမိုမြင့်မားလာပြီး ၎င်းတို့၏ကွင်းသစ်ကြီးမှာ အမေရိကန်ဘောလုံး(NFL)ပွဲစဉ်များကိုပါ ကျင်းပနိုင်သဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် မျက်စိကျစရာဖြစ်နေသည်။
စပါးအသင်း၏ အိမ်ကွင်းသည် ပရိသတ်(၆၂၀၀၀)ဦး ဝင်ဆံ့ပြီး လန်ဒန်တွင် အကြီးမားဆုံး ကလပ်အသင်းပိုင်ကွင်း ဖြစ်သည်။










