နော်ယာကို စာချုပ်သစ်မချုပ်ဆိုနိုင်ဘဲ ထွက်ခွာခွင့်ပေးခဲ့ပါက အလွန်ရူးမိုက်ရာကျလိမ့်မည်ဟု ဘိုင်ယန်မြူးနစ်အား ဂန္ထဝင်ဂိုးသမားကြီး ဆပ်မိုင်ယာ သတိပေး

နော်ယာကို စာချုပ်သစ်မချုပ်ဆိုနိုင်ဘဲ ထွက်ခွာခွင့်ပေးခဲ့ပါက အလွန်ရူးမိုက်ရာကျလိမ့်မည်ဟု ဘိုင်ယန်မြူးနစ်အား ဂန္ထဝင်ဂိုးသမားကြီး ဆပ်မိုင်ယာ သတိပေး
Published 16 April 2020

ဘိုင်ယန်မြူးနစ်အသင်းသည် နော်ယာလက်သစ်ဟု နာမည်ထွက်နေသော ရှော်လ်ကေးကြယ်ပွင့်ဂိုးသမား နူဘယ်လ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားပြီး အသက်ထောက်လာသော နော်ယာ၏နေရာတွင် အဆင်သင့်အစားဝင်နိုင်ရန် ရည်ရွယ်နေသည်။

ဂျာမနီနာမည်ကျော်ဂိုးသမားဟောင်း ဆပ်မိုင်ယာက ဘိုင်ယန်မြူးနစ်အသင်းသာ အသင်းခေါင်းဆောင်ဂိုးသမား နော်ယာကို စာချုပ်သစ်မချုပ်ဆိုနိုင်ဘဲ ထွက်ခွာခွင့်ပေးခဲ့ပါက အလွန်ရူးမိုက်ရာကျလိမ့်မည်ဟု သတိပေးခဲ့သည်။

၂၀၂၁၊ ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော အသက်(၃၄)နှစ်အရွယ် နော်ယာအား ဘိုင်ယန်မြူးနစ်အသင်းက နှစ်တိုစာချုပ်ဖြင့်သာ ကမ်းလှမ်းနေသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နော်ယာလက်သစ်ဟု နာမည်ထွက်နေသော ရှော်လ်ကေးကြယ်ပွင့်ဂိုးသမား နူဘယ်လ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားပြီး အသက်ထောက်လာသော နော်ယာ၏နေရာတွင် အဆင်သင့်အစားဝင်နိုင်ရန် ရည်ရွယ်နေသည်။

သို့ဖြစ်ရာ နော်ယာအနေဖြင့် မိမိ၏အနာဂတ်ခိုင်မာစေရန် နှစ်ရှည်စာချုပ်ချုပ်ဆိုရန်သာ အလိုရှိနေပြီး သက်တမ်းတိုးရန် ညှိမရဖြစ်နေခြင်းဖြစ်သည်။

ထို့ပြင် နော်ယာသည် စာချုပ်သစ်နှင့် ပတ်သက်၍ ၎င်း၏ တောင်းဆိုမှုများ ပြင်ပသို့ ပေါက်ကြားခဲ့သဖြင့် အသင်းအပေါ် ဒေါသထွက်နေကြောင်း သိရသည်။

ဆပ်မိုင်ယာက "နော်ယာကို သွားခွင့်ပြုရလောက်အောင် သူတို့ မမိုက်မဲဘူး ထင်ပါတယ်။ ဒီလိုလုပ်ခဲ့ရင် နှစ်အကြာကြီး သူတို့ နောင်တရနေရလိမ့်မယ်။ လက်ရှိအချိန်မှာ နော်ယာလောက်ကောင်းတဲ့ ဂိုးသမားမရှိဘူး။ နောက်(၅)နှစ်အတွင်းမှာလည်း ပေါ်လာဖို့ မလွယ်ပါဘူး"ဟု သုံးသပ်ဝေဖန်ခဲ့သည်။

နော်ယာသည် ဘိုင်ယန်မြူးနစ်ထံ ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးခဲ့သလို၊ တစ်ဦးချင်းထူးချွန်ဆုများစွာကိုလည်း ရယူခဲ့သူဖြစ်သည်။

Most Read

Most Recent