ဂါရတ်ဘေးလ်အား ရောင်းချကာ ဗလင်စီယာလူငယ်ကြယ်ပွင့် ဖယ်ရန်တောရက်စ်ဖြင့် အစားထိုးရန် ရီးယဲလ်မက်ဒရစ် စိတ်ဝင်စားနေ

ဂါရတ်ဘေးလ်အား ရောင်းချကာ ဗလင်စီယာလူငယ်ကြယ်ပွင့် ဖယ်ရန်တောရက်စ်ဖြင့် အစားထိုးရန် ရီးယဲလ်မက်ဒရစ် စိတ်ဝင်စားနေ
Published 11 April 2020

အသက်(၂၀)အရွယ်ရှိ ဖယ်ရန်တောရက်စ်သည် ယခုရာသီတွင် ဗလင်စီယာအသင်းအတွက် (၃၅)ပွဲပါဝင်ကစားပေးထားပြီး (၆)ဂိုးသွင်းယူကာ၊ (၇)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဗလင်စီယာလူငယ်ကြယ်ပွင့် ဖယ်ရန်တောရက်စ်အား စိတ်ဝင်စားနေသည့်အသင်းများထဲတွင် ပါဝင်လာခဲ့ပြီး အသင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေသည့် ဂါရတ်ဘေးလ်၏နေရာတွင် အစားထိုးရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား ခေါ်ယူရန် ဂျူဗင်တပ်စ်၊ ဒေါ့မွန်၊ လီဗာပူးလ်အသင်းတို့ကလည်း စိတ်ဝင်စားနေသည်။

အသက်(၂၀)အရွယ်ရှိ ဖယ်ရန်တောရက်စ်သည် ယခုရာသီတွင် ဗလင်စီယာအသင်းအတွက် (၃၅)ပွဲပါဝင်ကစားပေးထားပြီး (၆)ဂိုးသွင်းယူကာ၊ (၇)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားကြောင်း သိရသည်။

ဖယ်ရန်တောရက်စ်သည် ၂၀၂၁ ရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းက အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိဟု သတင်းများထွက်ပေါ်နေသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းနှင့် အဆင်မပြေဖြစ်နေသော ဂါရတ်ဘေးလ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ကို ရောင်းချကာ လူငယ်သွေးသစ်များဖြင့် အားဖြည့်ရန် ပစ်မှတ်ထားနေပြီး အဆိုပါလူငယ်များထဲတွင် ဖယ်ရန်တောရက်စ်မှာလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်အသင်းအနေဖြင့် ဘဏ္ဍာရေးအခြေအနေတည်ငြိမ်လျက်ရှိရာ ကိုရိုနာဗိုင်းရပ်စ်၏ရိုက်ခတ်မှုကို အနည်းငယ်မျှသာ ခံစားရဖွယ်ရှိပြီး ကစားသမားအင်အားဖြည့်တင်းမှုများကို မူလအတိုင်း စီစဉ်ဆောင်ရွက်သွားနိုင်ဖွယ်ရှိနေသည်။

Most Read

Most Recent