မိမိကို ကွင်းလယ်တွင် ထားကစား၍ ခြေစွမ်းဖျက်ဆီးခဲ့သည်ဟု ရွိုင်းဟော့ဒ်ဆန်အား ကားလို့စ် ပြစ်တင်ပြောဆို

မိမိကို ကွင်းလယ်တွင် ထားကစား၍ ခြေစွမ်းဖျက်ဆီးခဲ့သည်ဟု ရွိုင်းဟော့ဒ်ဆန်အား ကားလို့စ် ပြစ်တင်ပြောဆို
Published 11 April 2020

ကားလို့စ်က "ရွိုင်းဟော့ဒ်ဆန်က ကျွန်တော့်ကို ဖျက်ဆီးခဲ့တာပါ။ သူ ကျွန်တော့်ကို ကွင်းလယ်မှာ ထားကစားခဲ့တယ်။ အဲဒါကြောင့် ၁၉၉၇ ကိုပါအမေရိကဖလားနဲ့ ကျွန်တော် လွဲခဲ့ရတယ်။ သူက ဘောလုံးအကြောင်း တော်တော်မသိတဲ့သူပါ။ အသင်းဥက္ကဌ မိုရက်တီနဲ့ တွေ့ပြီး ထွက်ခွာခွင့် ကျွန်တော် တောင်းခဲ့ပါတယ်"ဟု Marca သတင်းစာသို့ ပြောကြားခဲ့သည်။

ဘရာဇီးလ်ဂန္ထဝင်ဘယ်နောက်ခံလူ ရောဘတ်တိုကားလို့စ်က မိမိ အင်တာမီလန်အသင်းတွင် ကစားစဉ် အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်သည် မိမိအား ကွင်းလယ်တွင် ထားကစား၍ ခြေစွမ်းဖျက်ဆီးခဲ့သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

ကားလို့စ်သည် အင်တာမီလန်အသင်းတွင် ၁၉၉၅-၉၆ ရာသီ တစ်ရာသီကစားခဲ့ဖူးပြီး ထိုစဉ်က အင်တာမီလန်အသင်းအား ရွိုင်းဟော့ဒ်ဆန်က နည်းပြအဖြစ် တာဝန်ယူနေသည်။

ယင်းရာသီပြီးနောက် ကားလို့စ်သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး သမိုင်းတစ်လျှောက်အကောင်းဆုံးဘယ်နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံရသည်အထိ ခြေစွမ်းပြနိုင်ခဲ့သည်။

ကားလို့စ်က "ရွိုင်းဟော့ဒ်ဆန်က ကျွန်တော့်ကို ဖျက်ဆီးခဲ့တာပါ။ သူ ကျွန်တော့်ကို ကွင်းလယ်မှာ ထားကစားခဲ့တယ်။ အဲဒါကြောင့် ၁၉၉၇ ကိုပါအမေရိကဖလားနဲ့ ကျွန်တော် လွဲခဲ့ရတယ်။ သူက ဘောလုံးအကြောင်း တော်တော်မသိတဲ့သူပါ။ အသင်းဥက္ကဌ မိုရက်တီနဲ့ တွေ့ပြီး ထွက်ခွာခွင့် ကျွန်တော် တောင်းခဲ့ပါတယ်"ဟု Marca သတင်းစာသို့ ပြောကြားခဲ့သည်။

ကားလို့စ်သည် ရီးယဲလ်မက်ဒရစ်တွင် နည်းပြ ကာပယ်လိုနှင့် တွေ့ခဲ့ပြီး ထူးချွန်သည့် ဘယ်နောက်ခံလူဖြစ်လာခဲ့သည်။

ကားလို့စ်က "ကျွန်တော် ရီးယဲလ်ကို ပြောင်းခဲ့တယ်။ ကာပယ်လိုက ကျွန်တော့်အတွက် အရေးအပါဆုံး နည်းပြတစ်ဦးပါ"ဟု ဖွင့်ဟခဲ့သည်။

Most Read

Most Recent