အူဘာမီယန်းသည် အာဆင်နယ်အသင်းထံ ၂၀၁၈ ဇန်နဝါရီက ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၄၉)ဂိုးအထိ သွင်းယူပေးထားသည်။
ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ပီယဲမိုဂွန်ဂူက အူဘာမီယန်းအနေဖြင့် အာဆင်နယ်ထက် ရည်မှန်းချက်ကြီးသည့်အသင်းသို့ ပြောင်းရွှေ့သင့်သည်ဟု အကြံပြုတိုက်တွန်းခဲ့သည်။
အူဘာမီယန်းသည် အာဆင်နယ်အသင်းထံ ၂၀၁၈ ဇန်နဝါရီက ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၄၉)ဂိုးအထိ သွင်းယူပေးထားသည်။

သို့ရာတွင် အာဆင်နယ်အသင်းသည် ဆုဖလား ဆွတ်ခူးနိုင်ခြင်းမရှိသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် ခက်ခဲနေသည်။
ထို့ကြောင့် မိုဂွန်ဂူက အူဘာမီယန်းအား ရည်မှန်းချက်ပိုမိုမြင့်မားသည့် အသင်းထံ ပြောင်းရွှေ့သင့်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်။

မိုဂွန်ဂူက "အာဆင်နယ်ကို ရည်မှန်းချက်မရှိတဲ့ အသင်းလို့ မပြောချင်ပေမယ့် ဥရောပအဆင့်နဲ့ကြည့်ရင် သူတို့ ရည်မှန်းချက်နိမ့်နေပါတယ်။ ပီယဲအနေနဲ့ ဒီထက် မြင့်တဲ့အသင်းကို အခွင့်အရေးရရင် ပြောင်းသင့်ပါတယ်။ အဲဒီမှာ သူ နေရာရမှာပါ။ တစ်ဦးချင်းအနေနဲ့ဆိုရင် သူက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးပါ"ဟု ESPN သို့ ပြောကြားခဲ့သည်။
အာဆင်နယ်နာမည်ကျော်တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကလည်း အူဘာမီယန်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကဲ့သို့ အဆင့်အတန်းမျိုးတွင် ကစားနိုင်သူဖြစ်ပြီး ပိုကောင်းသည့်အသင်းတွင် ကစားသင့်သည်ဟု မှတ်ချက်ပြုခဲ့ဖူးသည်။
အူဘာမီယန်းအား ခေါ်ယူရန် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။










