ပရဟိတလုပ်နေခြင်းအပေါ် အကြောင်းပြ၍ လစာလှျော့ယူရန် ကစားသမားများ ငြင်းဆန်မည်ကို တာဝန်ရှိသူများ စိုးရိမ်နေ

ပရဟိတလုပ်နေခြင်းအပေါ် အကြောင်းပြ၍ လစာလှျော့ယူရန် ကစားသမားများ ငြင်းဆန်မည်ကို တာဝန်ရှိသူများ စိုးရိမ်နေ
Published 11 April 2020

ဟာရီကိန်း၊ ရပ်ရှ်ဖို့ဒ်၊ ဒီဘရိုင်းနား အစရှိသည့် နာမည်ကျော်ကစားသမားများသည် #PlayersTogether ဟူသောပရိဟိတလှုပ်ရှားမှုတစ်ရပ်ပြုလုပ်နေပြီး ဗြိတိန်ကျန်းမာရေးအဖွဲ့ (NHS) ထံ ပေါင်သန်း(၂၀) လှူဒါန်းနိုင်ရန် ရည်မှန်းနေသည်။

ပရီးမီးယားလိဂ်အသင်းများမှ တာဝန်ရှိသူများသည် ကစားသမားအနေဖြင့် ပရဟိတလုပ်နေခြင်းအပေါ် အကြောင်းပြ၍ လစာလှျော့ယူရန် ငြင်းဆန်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

ဟာရီကိန်း၊ ရပ်ရှ်ဖို့ဒ်၊ ဒီဘရိုင်းနား အစရှိသည့် နာမည်ကျော်ကစားသမားများသည် #PlayersTogether ဟူသောပရိဟိတလှုပ်ရှားမှုတစ်ရပ်ပြုလုပ်နေပြီး ဗြိတိန်ကျန်းမာရေးအဖွဲ့ (NHS) ထံ ပေါင်သန်း(၂၀) လှူဒါန်းနိုင်ရန် ရည်မှန်းနေသည်။

ကစားသမားများ​၏ ယင်းလှုပ်ရှားမှုမှာ လေးစားဖွယ်ဖြစ်သော်လည်း ထိုပရဟိတအပေါ် အကြောင်းပြ၍ လစာလှျော့ယူရန် ငြင်းဆန်မည်ကို တာဝန်ရှိသူများက စိုးရိမ်နေသည်။

ဆောက်သမ်တန်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့သည် ပထမအသင်းသားများနှင့် လစာလှျော့ယူ(သို့)ရွှေ့ဆိုင်းယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး မန်စီးတီးနှင့် ဘရိုက်တန်တို့မှာလည်း မကြာမီသဘောတူညီမှုရဖွယ် ရှိနေသည်။

ပရီးမီးယားလိဂ်က ကစားသမားများအား (၃)လစာ လုပ်ခထဲမှ ရာခိုင်နှုန်းအနည်းငယ်ကို လှျော့ယူရန် အဆိုပြုထားသည်။

သို့ရာတွင် ဘောလုံးသမားများအနေဖြင့် များပြားလှသည့် အခွန်ငွေများ ပေးဆောင်ပြီးဖြစ်သလို၊ အလှူငွေများဖြင့်လည်း ကပ်ဘေးအတွင်း ကူညီပေးနေရာ ယင်းကောင်းကွက်များကို အကြောင်းပြ၍ ရေရှည်တွင် လစာလှျော့ယူရန် ငြင်းဆန်လာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

Most Read

Most Recent