ဟာရီကိန်း၊ ဒီဘရိုင်းနားတို့အပြီး လုခ်ရှောကလည်း စောစောစီးစီးပြန်မစနိုင်ပါက ယခုရာသီကို ဖျက်သိမ်းရန် တိုက်တွန်း

ဟာရီကိန်း၊ ဒီဘရိုင်းနားတို့အပြီး လုခ်ရှောကလည်း စောစောစီးစီးပြန်မစနိုင်ပါက ယခုရာသီကို ဖျက်သိမ်းရန် တိုက်တွန်း
Photos : Getty Images
Photos : Getty Images
Published 7 April 2020

 

မန်ယူအသင်း၏ နောက်ခံလူ လုခ်ရှောသည် ပြိုင်ဘက်လီဗာပူးလ်အသင်းကို စိတ်ပျက်စေမည့် အကြံပြုချက်တစ်ခုအဖြစ် ရပ်နားထားသည့် ပွဲစဉ်များအား စောစောစီးစီး ပြန်မစနိုင်ပါက ယခုရာသီကို ဖျက်သိမ်းပစ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ကစားသမားများထဲတွင် စပါးအသင်း၏ အသင်းခေါင်းဆောင် ဟာရီကိန်းက ယင်းကဲ့သို့မှတ်ချက်စကားမျိုးကို စတင်ပြောဆိုခဲ့ပြီး ပရိသတ်အချို့၏ ဝေဖန်မှုများကို ခံခဲ့ရသည်။

ယင်းနောက် မန်စီးတီးအသင်း၏ ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားက စိတ်မကောင်းဖြစ်မိသော်လည်း အလျင်အမြန်ပြန်မစနိုင်ပါက ယခုရာသီကိုဖျက်သိမ်းရန် စဉ်းစားသင့်သည်ဟုဆိုခဲ့ပြီး ယခု လုခ်ရှောကလည်း "စောစောစီးစီးပြန်စမလား၊ ဖျက်သိမ်းမလား။ ပြန်စမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီအရာကို မလုပ်နိုင်ဘူးဆိုရင်လည်း ဖျက်သိမ်းလိုက်တာက ပိုကောင်းပါတယ်။ ဘောလုံးမှာ ပရိသတ်က အရေးကြီးပါတယ်။ ပရိသတ်မရှိရင် ဘာမှလုပ်လို့မရသလို၊ ပရိသတ်မပါဘဲ ကစားရတာလည်း မှန်ကန်တဲ့ခံစားမှု မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

လုခ်ရှော၏ မှတ်ချက်စကားသည် အမှတ်ပေးချန်ပီယံဆုနှင့် နှစ်ပေါင်း (၃၀)ကြာ ဝေးကွာနေသည့်  လီဗာပူးလ်အတွက် နစ်နာစေမည်ဖြစ်သော်လည်း မန်ယူအသင်းကိုယ်တိုင်ပင်လျှင် ယခုရာသီကို ဖျက်သိမ်းခဲ့ပါက ပြီးခဲ့သည့်ရာသီကုန်က အဆင့် (၆)သာရခဲ့သဖြင့် ယူရိုပါလိဂ်ကို ပြန်သွားရမည့် အခြေအနေဖြစ်သည်။

 

Most Read

Most Recent