ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို လစာ(၃)လစာ လျှော့ယူရမည်ဖြစ်သော်လည်း ဝင်ငွေဒေါ်လာ (၁)ဘီလီယံရရှိသည့် ပထမဆုံး ဘောလုံးသမားဖြစ်လာရန် နီးစပ်နေ

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို လစာ(၃)လစာ လျှော့ယူရမည်ဖြစ်သော်လည်း ဝင်ငွေဒေါ်လာ (၁)ဘီလီယံရရှိသည့် ပထမဆုံး ဘောလုံးသမားဖြစ်လာရန် နီးစပ်နေ
Photos: Getty Images,Twitter
Photos: Getty Images,Twitter
Published 4 April 2020

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကိုရိုနာဗိုင်းရပ်စ် (Covid-19) အကျပ်အတည်းကြောင့် လစာ(၃)လစာ လျှော့ယူရမည်ဖြစ်သော်လည်း ကစားသမားဘဝတစ်လျှောက် ဝင်ငွေဒေါ်လာတစ်ဘီလီယံရရှိသည့် ပထမဆုံး ဘောလုံးသမားဖြစ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲများ ရပ်နားထားရသဖြင့် ဂျူဗင်တပ်စ်အသင်းကစားသမားများက မတ်၊ ဧပြီ၊ မေ (၃)လစာ အတွက် လစာလျှော့ယူမည်ဟု ကြေညာထားပြီး စီရော်နယ်လ်ဒိုအနေ ဖြင့် ဒေါ်လာ (၄.၂၃) သန်း (ပေါင် ၃ ဒသမ ၄၅ သန်း) ဝင်ငွေ လျော့နည်းသွားဖွယ်ရှိသည်။ 

သို့သော် ယင်းပမာဏမှာ စီရော်နယ်လ် ဒိုအတွက် ပြောပလောက်ဖွယ်အနေအထားမဟုတ်ဘဲ ယခုရာသီမှာပင် ဝင်ငွေဒေါ်လာတစ်ဘီလီယံရရှိသည့် ပထမဆုံး ဘောလုံးသမား အဖြစ် မှတ်တမ်းဝင်ရန် နီးစပ်နေခြင်းဖြစ်သည်။ 

အမေရိကန်နိုင်ငံထုတ် Forbes စီးပွားရေးမဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် နောက်ပိုင်း စီရော်နယ်လ်ဒို၏ တစ်နှစ်ဝင်ငွေမှာ ဒေါ်လာသန်း (၁၀၀) အထက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် လစာနှင့် ဆုကြေးအတွက် ဒေါ်လာ (၆၅) သန်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် ကြော်ငြာလုပ်ငန်း များမှ ဒေါ်လာ (၄၄) သန်း၊ စုစုပေါင်းဒေါ်လာ (၁၀၉) သန်းရရှိခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏လစာမှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၊ PSG အသင်းတိုက်စစ်မှူး နေမာတို့ထက် ပိုနည်းသော်လည်း Nike အပါအဝင် စပွန်ဆာစာချုပ်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သည့် CR7 တို့မှ ဝင်ငွေများစွာရရှိနေခြင်းဖြစ်သည်။ 

၎င်းသည် အား ကစားလောကတွင် လက်ရှိကစားနေသူများအနက် အမေရိကန်ဂေါ့ဖ် ကစားသမား တိုက်ဂါးဝုဒ်နှင့် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာတို့ ပြီးလျှင် ဒေါ်လာတစ်ဘီလီယံရရှိသည့် တတိယမြောက်အားကစားသမားအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

 

Most Read

Most Recent