မာနေနှင့် ဟော်လန်းတို့ကိုခေါ်ယူရန် ရီးယဲလ် ပစ်မှတ်ထား

မာနေနှင့် ဟော်လန်းတို့ကိုခေါ်ယူရန် ရီးယဲလ် ပစ်မှတ်ထား
Photos : Getty Images
Photos : Getty Images
Published 2 April 2020

 

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မာနေနှင့် ဟော်လန်းတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ရာသီတွင် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေပြီး ထိပ်တန်းကစားသမားများကိုခေါ်ယူရန် စီစဉ်နေခြင်းဖြစ် သည်။

Daily Express ၏ ဖော်ပြမှုအရ လာမည့်နွေရာသီအပြောင်းအရွှေ့ ကာလတွင် ရီးယဲလ်အသင်း အဓိက ခေါ် ယူမည့် ကစားသမားများမှာ လီဗာပူးလ်တောင်ပံကစားသမား မာနေနှင့် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်နည်းပြ ဇီဒန်းသည် လာမည့်နွေရာသီအပြောင်း အရွှေ့တွင် မာနေကို အရခေါ်ယူရန်ပစ်မှတ်ထားနေပြီး ပေါင်သန်း (၁၀၀)ဖြင့် ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် မာနေနှင့် ဟော်လန်းတို့ကို ခေါ်ယူနိုင်ခြင်းမရှိပါက အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို အစားထိုးခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရသည်။

 

Most Read

Most Recent