ထိထီက "နေမာရဲ့ အကောင်းဆုံးအချိန်တွေက ဘာစီလိုနာမှာ ကျန်ခဲ့ပါပြီ။ ဘာစီလိုနာမှာ နေမာဟာ ဘယ် တောင်ပံကနေ ပြိုင်ဘက်ဂိုးဧရိယာထဲဝင်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်။ အဲဒီတုန်းက သူဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုပြီးရင် အကောင်းဆုံးပါ"ဟု ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းနည်းပြ ထိထီက PSG တိုက်စစ်မှူး နေမာ၏အကောင်းဆုံးအချိန်များမှာ ဘာစီလိုနာအသင်းတွင် ကျန်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေမာသည် ၂၀၁၇ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ပြီးကတည်းက ဘာစီလိုနာတွင်ကစားစဉ်ကကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းမရှိတော့ဟု ထိထီက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိထီက "နေမာရဲ့ အကောင်းဆုံးအချိန်တွေက ဘာစီလိုနာမှာ ကျန်ခဲ့ပါပြီ။ ဘာစီလိုနာမှာ နေမာဟာ ဘယ် တောင်ပံကနေ ပြိုင်ဘက်ဂိုးဧရိယာထဲဝင်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်။ အဲဒီတုန်းက သူဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုပြီးရင် အကောင်းဆုံးပါ"ဟု ပြောကြားခဲ့သည်။

ယခုရာသီတွင် နေမာသည် အသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲကစားကာ (၁၈)ဂိုးသွင်း၊ (၈)ဂိုးဖန်တီးကာ Whoscored ၏ အချက်အလက်အခြေပြုရမှတ်ဇယားတွင် မက်ဆီ၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည်။
အသက်(၂၈)နှစ်အရွယ် နေမာသည် ဘရာဇီးလ်လက်ရွေးစင်အသင်းတွင်မူ (၁၀၁)ပွဲကစားထားကာ (၆၁)ဂိုးအထိ သွင်းယူပေးထားသည်။