အိန္ဒိယသို့ ပထမဆုံးလာရောက်မည့်အစီအစဉ်ပါဝင်သည့် မန်ယူအသင်း၏နွေရာသီခြေစမ်းခရီးမှာ ပေါင်(၁၆)သန်းအထိ တန်ကြေးရှိ

အိန္ဒိယသို့ ပထမဆုံးလာရောက်မည့်အစီအစဉ်ပါဝင်သည့် မန်ယူအသင်း၏နွေရာသီခြေစမ်းခရီးမှာ ပေါင်(၁၆)သန်းအထိ တန်ကြေးရှိ
Photos: AFP
Photos: AFP
Published 30 March 2020

 

လာမည့်နွေရာသီတွင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်မည့် အစီအစဉ်ပါဝင်သော မန်ယူအသင်း၏ နွေရာသီခြေစမ်းခရီးစဉ်မှာ ပေါင် (၁၆)သန်းခန့်အထိ တန်ကြေးရှိပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ယင်းခြေစမ်းခရီးစဉ်မှာ ပျက်ပြယ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် အိန္ဒိယနိုင်ငံတွင် ကွင်းဖွင့်ပွဲအဖြစ် ခြေစမ်းပွဲ တစ်ပွဲကစားရန် စီစဉ်ထားပြီး ဇူလိုင် (၂၆)ရက်နေ့တွင် အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းနှင့် ကစားရမည် ဖြစ်သည်။

အရှေ့ဘင်ဂေါအသင်းသည် လာမည့်သြဂုတ်(၁)ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ၎င်းင်း တို့၏ ကွင်းသစ်ဖြစ်သော ယူဗာဘာ ရာတီကရီရန်ကန်ကွင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မန်ယူအသင်းနှင့် ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းခြေစမ်းပွဲမှာ အိန္ဒိယနိုင်ငံသို့ မန်ယူအသင်း ပထမဆုံးလာရောက်ကစားရန် စီစဉ်ထားသည့် ခြေစမ်းပွဲလည်း ဖြစ်သည်။

ယင်းပွဲတစ်ပွဲအတွက်ပင် မန်ယူအသင်းမှာ ကစားကြေး ပေါင် (၃)သန်းခန့်အထိ ရရှိနိုင်ကြောင်း သိရှိရသည်။

ယင်းပွဲအပါအဝင် မန်ယူအသင်း၏ နွေရာသီခြေစမ်းခရီးစဉ်မှာ အသင်းအတွက် ငွေကြေးများစွာ ရရှိနိုင်ပြီး စုစုပေါင်းရရှိနိုင်မည့်ငွေကြေးမှာ ပေါင်(၁၆)သန်းခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

သို့သော် ယခုအခါဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပြဿနာမှာ ယင်းအချိန်အထိ ပြီးဆုံးဖွယ်မရှိသေးရာ အဆိုပါခရီးစဉ်မှာ ဖြစ်ပေါ်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

 

Most Read

Most Recent