အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီထက် မန်စီးတီးအသင်းမှ အဂွဲရိုးမှာ ပိုမိုကောင်းမွန်သည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်းနှင့် ရုပ်သံဝေဖန်သူ အလန်ရှီးယားက မှတ်ချက်ပြုခဲ့သည်။
အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီထက် မန်စီးတီးအသင်းမှ အဂွဲရိုးမှာ ပိုမိုကောင်းမွန်သည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်းနှင့် ရုပ်သံဝေဖန်သူ အလန်ရှီးယားက မှတ်ချက်ပြုခဲ့သည်။

အလန်ရှီးယားသည် ၎င်းင်းကိုယ်တိုင်ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးထိပ်တန်းဂိုးသွင်းရှင်များစာရင်းတွင် မိမိကိုယ်ကိုယ် ထိပ်ဆုံးနေရာပေးခဲ့ပြီး ယင်းကစားသမား(၂)ဦး ကိုမူ ဒုတိယနှင့် တတိယနေရာပေးခဲ့ခြင်းဖြစ်သည်။

နာမည်ကျော်ဘောလုံးသမားဟောင်းနှင့် ရုပ်သံဝေဖန်သူများဖြစ်သည့် အီယန်ရိုက်၊ ဂယ်ရီလိုင်နီကာတို့နှင့် ပူးပေါင်းတင်ဆက်ခဲ့သည့် Match of the Day အစီအစဉ် Debate တွင် အလန်ရှီးယားက အဂွဲရိုးကို ရွေးချယ်ခဲ့ပြီး ကျန် (၂)ဦးက အွန်နရီကို ထောက်ခံခဲ့ကြသည်။
"အဂွဲရိုးဟာ (၃၂)နှစ်ပြည့်မွေးနေ့ရောက်ဖို့ နီးလာပါပြီ။ သူက ဘယ်၊ ညာနဲ့ အလယ်ကနေ ဒိုင်းခနဲ ဂိုးသွင်းယူနိုင်နေတုန်းပါပဲ။ သူဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းတစ်သင်းမှာ ကစားနေတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ပွဲ(၂၆၀)လောက်ကစားကာ ဂိုး(၁၈၀)သွင်းယူထားပြီး သူရယူခဲ့တဲ့အောင်မြင်မှုတွေကိုလည်း ကြည့်လိုက်ပါ။ ကျွန်တော့်အနေနဲ့ သူတို့နှစ်ဦးစလုံးကို သဘောကျပါတယ်။ အခုချိန်မှာ တိုက်စစ်မှူးတစ်ယောက်ရဲ့အနေအထားဟာ အနည်းငယ်ပြောင်းလဲသွားပါပြီ။ သူတို့နှစ်ဦးဟာ ကြီးမြတ်တဲ့ ဂိုးသွင်းသူတွေဖြစ်ရုံမက အကောင်းဆုံးဂိုးတွေလည်း သွင်းခဲ့ပါတယ်"ဟု အလန်ရှီးယားက ပြောကြားခဲ့သည်။
အွန်နရီနှင့် အဂွဲရိုးအကြား နှိုင်းယှဉ်ချက်

အွန်နရီ အဂွဲရိုး
ဂိုး ၁၇၆ ဂိုး ၁၈၀ ဂိုး
ကစားသည့်ပွဲ ၂၅၈ ပွဲ ၂၆၁ ဂိုး
ဂိုးဖန်တီးမှု ၇၇ ဂိုး ၇၂ ဂိုး
ဂိုးသွင်းအများဆုံးဆု ၄ ကြိမ် ၁ ကြိမ်
ဂိုး ၂၀ အထက်သွင်းယူမှု ၅ ကြိမ် ၆ ကြိမ်
ဆုဖလားပေါင်း ၂ လုံး ၄ လုံး










