ဘာပေ - PSG အသင်း၏ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ဘာပေသည် အိမ်ခြေမဲ့များကို ကူညီပေးနေသည့် Abbe pierre ဖောင်ဒေး ရှင်းအတွက် လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ယင်းဖောင် ဒေးရှင်းက လှူဒါန်းသည့်ပမာဏကို မထုတ် ပြန်သော်လည်း ပမာဏများပြားကြောင်း အရိပ်အမြွက်ဖော်ပြခဲ့သည်။

မာကိုရွိုက်စ် - ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ်သည် ငွေကြေးအကျပ်အတည်း ကြုံတွေ့နေသည့် အသေးစားနှင့် အလတ်စား ကုမ္ပဏီများအတွက် #HelpYourHomeTown အမည်ဖြင့် ရန်ပုံငွေရှာဖွေလျက်ရှိပြီး ကိုယ်တိုင်လည်း ယူရို (၅)သိန်းလှူဒါန်းခဲ့သည်။

ဗီလာရီးယဲလ် - ဗီလာရီးယဲလ်အသင်းသည် ကိုလံဘီယာတိုက်စစ်မှူး ကာလို့စ်ဘက်ကာ တည်ထောင်ထားသည့် ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ တစ်နေ့လျှင် လူ (၂၀၀) အတွက် အစားအသောက်များ လှူဒါန်းလျက်ရှိသည်။

လီဗန်တေး - လီဗန်တေးအသင်းသည် ၎င်းတို့ တည်ထောင်ထားသည့် Cent Anys ဖောင် ဒေးရှင်းနှင့်ပူးပေါင်း၍ EPI အကာအကွယ် ဝတ်စုံ (၆၀၀၀)၊ မျက်မှန် (၆၀၀၀)၊ FFP2 နှာ ခေါင်းစည်း (၅၀,၀၀၀) နှင့် 3PLY နှာခေါင်းစည်း (၁)သိန်းဝယ်ယူ၍ ဗလင်စီယာမြို့ရှိ ဆေးရုံများအတွက် လှူဒါန်းခဲ့သည်။

ဂျိုကိုဗစ် - ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်နှင့် ဇနီးဖြစ်သူက မွေးရပ်မြေ ဆားဘီးယားနိုင်ငံအတွက် အသက်ရှူကိရိ ယာနှင့် ဆေးပညာဆိုင်ရာ အထောက်အကူ ပစ္စည်းများဝယ်ယူရန် ယူရို (၁)သန်း လှူဒါန်းခဲ့သည်။
မေဂျာလိဂ်ဘေ့စ်ဘော - အမေရိကန်မေဂျာ လိဂ်ဘေ့စ်ဘော (MLB) ပြိုင်ပွဲနှင့် ကလပ်အသင်းများကို ဂျာစီအကျႌများချုပ်ပေးသည့် Fanatics ကုမ္ပဏီသည် ဘေ့စ်ဘောဂျာစီများ အစား နှာခေါင်းစည်းနှင့် ဆေးရုံသုံးဝတ်စုံ များ ပြောင်းလဲချုပ်လုပ်၍ လှူဒါန်းရန် သဘော တူညီမှုရခဲ့ကြောင်း သိရသည်။










