မစ်ခီတာရီယန်အား ပြန်လည်ခေါ်ယူနိုင်သလားဟု အာတီတာအား မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက "ဒါဟာ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်တော်တို့ စဉ်းစားသွားမှာပါ။ သူဟာ ကျွန်တော် အမြဲနှစ်သက်တဲ့ ကစားသမားတစ်ဦးပါ"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာသည် စီးရီးအေကလပ် ရိုးမားအသင်းသို့ အငှားချထားသော အာမေးနီးယားကွင်းလယ်လူ မစ်ခီတာ ရီယန်အား လာမည့်နွေရာသီ၌ ပြန်လည်ခေါ်ယူသွားဖွယ်ရှိကြောင်း သိရှိရသည်။

အာတီတာက မိမိသည် မစ်ခီတာရီယန်၏ ခြေစွမ်းကို သဘောကျသူတစ်ဦးဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မစ်ခီတာရီယန်အား ပြန်လည်ခေါ်ယူနိုင်သလားဟု အာတီတာအား မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက "ဒါဟာ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်တော်တို့ စဉ်းစားသွားမှာပါ။ သူဟာ ကျွန်တော် အမြဲနှစ်သက်တဲ့ ကစားသမားတစ်ဦးပါ။ နောက်ပြီး ဘယ်အသင်းမှာမဆို သူ့ရဲ့အကောင်းဆုံးခြေစွမ်းနဲ့ ကစားနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

မစ်ခီတာရီယန်သည် အလက်ဆစ်ဆန်းချက်ဇ်နှင့် ကစားသမားအလဲအထပ်ပြုလုပ်ရာမှ အာဆင်နယ်အသင်းထံ ရောက်ရှိလာသူဖြစ်ပြီး နည်းပြဟောင်း အူနိုင်းအမ်မရီက ၎င်းအား မနှစ်သက်သဖြင့် ယခုနှစ်ရာသီအစတွင် ရိုးမားအသင်းထံသို့ အငှားချခဲ့သည်။
ရိုးမားအသင်းတွင် မစ်ခီတာရီယန်မှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေပြီး အသင်းအတွက် ပွဲထွက်(၁၀)ပွဲ၊ လူစားဝင်(၇)ပွဲကစားကာ (၆)ဂိုးသွင်း၊ (၄)ဂိုးဖန်တီးပေးထားသည်။

နည်းပြ အာတီတာသည် လစာအလွန်မြင့်မားသော အိုဇေးလ်အား ရှင်းထုတ်ရန် စီစဉ်နေပြီး ၎င်း၏နေရာတွင် မစ်ခီတာရီယန်ဖြင့် အစားထိုးသွားဖွယ်ရှိနေသည်။










