ဂရီးဇ်မန်းကို လှောင်ပြောင်အော်ဟစ်ခဲ့ခြင်းကြောင့် ဒဏ်ရိုက်ခံရခြင်းအတွက် အက်သလက်တီကိုအသင်း အယူခံဝင်မည်

ဂရီးဇ်မန်းကို လှောင်ပြောင်အော်ဟစ်ခဲ့ခြင်းကြောင့် ဒဏ်ရိုက်ခံရခြင်းအတွက် အက်သလက်တီကိုအသင်း အယူခံဝင်မည်
Photo: Marca
Photo: Marca
Published 27 February 2020

အက်သလက်တီကိုအသင်းသည် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ၎င်းတို့၏ ပရိသတ်များက တိုက်စစ်မှူးဟောင်း ဂရီးဇ်မန်းကို လှောင်ပြောင်အော်ဟစ်ခဲ့ခြင်းကြောင့် ဒဏ်ငွေယူရို(၁၂၀၀၀) ချမှတ်ခံရခြင်းအတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တောင်ဘက် ဂိုးတိုင်နောက်ဘက်တွင် နေရာယူထားသော အက်သလက်တီကိုအသင်း၏ ပရိသတ်များသည် ''ဂရီးဇ်မန်း သေလိုက်''ဟု စက္ကန့်(၂၀)ခန့် အော်ဟစ်ခဲ့ကြသလို၊ ကွင်းအတွင်း အခြားနေရာများမှ လှောင်ပြောင်အော်ဟစ်မှုများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ လှောင်ပြောင်အော်ဟစ်ခဲ့မှုများက ကွင်းလယ်ဒိုင်က ပွဲအစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည့်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ပြိုင်ပွဲကျင်းပရေးကော်မတီက အက်သလက်တီကိုအသင်းကို ယူရို(၁၂၀၀၀) ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အက်သလက်တီကိုအသင်းက ၎င်းတို့၏ ပရိသတ်များသည် ပြိုင်ဘက်အသင်းကို လေးစားမှုရှိစွာဖြင့် ကိုယ့်အသင်းကိုယ်သာ အားပေးခဲ့ကြောင်း ချေပခဲ့ပြီး အယူခံဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းတွင် (၅)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီတွင် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့သည့်အတွက် အက်သလက်တီကိုပရိသတ်များက ၎င်းကို ဒေါသထွက်နေကြခြင်းဖြစ်သည်။

 

Most Read

Most Recent