ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေက တစ်ပတ်အကြာမှာပဲ ပြန်လည်ရောက်ရှိလာပါပြီ။ နာမည်ကြီးအသင်းတွေထဲမှာ အာဆင်နယ်၊ အင်တာမီလန်တို့က အဝေးကွင်းမှာ နိုင်ပွဲရယူခဲ့တာကြောင့် နောက်တစ် ဆင့်အတွက် ပူပန်စရာသိပ်မရှိဘဲ၊ မန်ယူ၊ ဆီဗီလာတို့ကလည်း အဝေးဂိုးရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ များနေပါပြီ။ ဂီတာဖေးကို (၂)ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ နာမည်ကြီးအေဂျက်စ်ကတော့ ပြန်လာဖို့ ခက်ခဲသွားပြီး ရိုးမား၊ လေ ဗာကူဆင်၊ ရှက်တာဒိုးနက်တို့ကတော့ နောက်တစ်ဆင့်တက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားရပါဦးမယ် . . .
အက်စ်ပန်ညို နှင့် ဝုလ်ဗ် (သောကြာနံနက် ဝဝး၂၅ နာရီ)
လာလီဂါမှာ တန်းဆင်းဇုန်ထဲ ရောက်နေသလို၊ ပထမအကျော့လည်း ဂိုးပြတ်ရှုံးထားလို့ အက်စ်ပန်ညို ဒီဖလားကို လုံးဝ လက်လျှော့လိုက်မှာပါ။ ဝုလ်ဗ်က အနိုင်ယူဖို့ ခက်တဲ့အသင်းဖြစ်ပြီး လူစုံမထုတ်ရင်တောင် ဒီပွဲမှာ ရလဒ်ကောင်းလိမ့်မယ်။
ဘာရှက်ဆီဟီ နှင့် စပို့တင်းလစ္စဘွန်း (သောကြာနံနက် ဝဝး၂၅ နာရီ)
တူရကီမြေက အဝေးကွင်းအသင်းတွေအတွက် ကြောက်ဖို့ကောင်းပါတယ်။ အိမ်ကွင်းမှာ ပိုကောင်းတဲ့ ဘာရှက်ဆီဟီ စပို့ တင်းကို အနိုင်ကန်လိမ့်မယ်။
ပေါ်တို နှင့် လေဗာကူဆင် (သောကြာနံနက် ဝဝး၂၅ နာရီ)
ပထမအကျော့ ဂျာမန်မြေမှာ ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့ပေမယ့် အဝေးဂိုးရခဲ့တာ ပေါ်တို ကံကောင်းပါတယ်။ လေဗာကူ ဆင်က ခြေတက်နေတဲ့အချိန်ဖြစ်ပြီး ဂိုးသွင်းအားလည်းကောင်းတယ်။ အိမ်ကွင်းဖြစ်ပေမယ့် ပေါ်တို ရုန်းကန်ရဖို့ရှိပြီး လေဗာကူဆင်ပဲ နောက်တစ်ဆင့်တက်သွားလိမ့်မယ်။
ဘေဆယ် နှင့် အပိုးလ်နီကိုးရှား (သောကြာနံနက် ဝဝး၂၅ နာရီ)
ဘေဆယ်ရဲ့ ရလဒ်က နောက်တစ်ဆင့်အတွက် စိတ်ချရတဲ့ ရလဒ်ပါ။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ နိုင်ပွဲရအောင် ဘေဆယ် အားထုတ်ဦးမယ်။ ဂိုးပြတ်သွင်းဖို့တော့ ခက်ပါတယ်။
LASK နှင့် အယ်လ်ခမာ (သောကြာနံနက် ဝဝး၂၅ နာရီ)
LASK က ဒီနှစ်ယူရိုပါလိဂ်ပွဲစဉ်အားလုံးမှာ အားရဖွယ် ခြေစွမ်းပြနေပြီး ဂိုးပေါက်ကန်သွင်းမှုအများဆုံးလုပ်ထားတဲ့ အသင်းပါ။ အယ်လ်ခမာက လတ်တလောမှာ ရလဒ်ကျဆင်းနေလို့ သြစတြီးယားမြေမှာ ရုန်းကန်ရပါလိမ့်မယ်။ အဝေးဂိုးရထားတဲ့ LASK ပဲ နောက်တစ်ဆင့် တက်သွားမယ်။
မာလ်မို နှင့် ဝုလ်ဖ်ဘတ် (သောကြာနံနက် ဝဝး၂၅ နာရီ)
မာလ်မိုအသင်း အမှတ်ပေးရာသီ မစသေးတာမို့ ခြေစမ်းပွဲတွေကစားပြီး Form ကို တည်ဆောက်နေရတယ်။ ဒါကြောင့် ဒေါင်ဒေါင်မြည်အနေအထားမှာ မရှိဘူးလို့ ဆိုနိုင်တယ်။ ပုံမှန်အားဖြင့်လည်း တိုက်စစ်ညံ့တဲ့အသင်းပါ။ ဝုလ်ဖ်ဘတ် ထပ်နိုင် သွားဖို့ရှိပါတယ်။ ဂိုးနည်းလိမ့်မယ်။
KAA ဂျန့် နှင့် ရိုးမား (သောကြာနံနက် ဝဝး၂၅ နာရီ)
ဂျန့်က ဘယ်လ်ဂျီယံလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိ ကစားထားတဲ့အသင်းပါ။ ပထမအကျော့တုန်းကလည်း ရိုးမားကို သူတင် ကိုယ်တင် ကစားနိုင်ခဲ့တယ်။ ရိုးမားရဲ့ခံစစ်ပေါက်ပြဲနေမှုက အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ ဂျန့်ကို တားဆီးဖို့ ခက်တယ်။ ဂျန့် အနိမ့် ဆုံး သရေကစားလိမ့်မယ်။
အေဂျက်စ် နှင့် ဂီတာဖေး (သောကြာနံနက် ၂း၃၀ နာရီ)
ဂီတာဖေးက ပထမအကျော့မှာ အေဂျက်စ်ကို ဂိုးပေါက်တည့်ကန်ချက်မရှိတဲ့အထိ အစွယ်ကျိုးသွားစေခဲ့တယ်။ အဝေး ဂိုးမပေးထားရတဲ့ အနေအထားက ခံစစ်မာတဲ့ ဂီတာဖေးကို ပိုမို အားကောင်းစေတယ်။ အေဂျက်စ် ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ရှိပေမယ့် နောက်တစ်ဆင့်တက်ဖို့ ခက်ပါတယ်။
ဆဲလ်တစ် နှင့် FC ကိုပင်ဟေဂင် (သောကြာနံနက် ၂း၃၀ နာရီ)
ပထမအကျော့မှာ ဆဲလ်တစ်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ အိမ်ကွင်းပွဲမှာတော့ ဆဲလ်တစ် အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဆဲလ်တစ် (၂)ဂိုးပြတ် သွင်းလိမ့်မယ်။
ဆီဗီလာ နှင့် ကလုချ် (သောကြာနံနက် ၂း၃၀ နာရီ)
ဆီဗီလာအနေနဲ့ အဝေးဂိုးရထားတာကြောင့် နောက်တစ်ဆင့်အတွက် သိပ်မခက်တော့ပါဘူး။ မာကျောတဲ့ ဆီဗီလာခံစစ်က ကလုချ်ရဲ့ တိုက်စစ်ကို လွယ်လွယ်ပဲ ဟန့်တားနိုင်လိမ့်မယ်။ ဒါပေမဲ့ ဆီဗီလာ ဂိုးသွင်းအားကျနေတာကို သတိပြုရမယ်။ ဆီ ဗီလာ (၁-၀)လောက်နဲ့ နိုင်မယ်။
အာဆင်နယ် နှင့် အိုလံပီယာကော့စ် (သောကြာနံနက် ၂း၃၀ နာရီ)
ဂရိမြေမှာတောင် အနိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်း နောက်တစ်ဆင့်အတွက် သိပ်ပြီးတော့ စိုးရိမ်ပူပန်စရာ မရှိပါဘူး။ ဒါပေမဲ့ အသင်းရဲ့စိတ်ဓာတ်နဲ့ ကစားဟန်ပိုင်းမှာ အရှိန်ရဖို့အတွက် နိုင်ပွဲတွေ လိုအပ်နေသေးလို့ ဒီပွဲကိုလည်း အာရုံအ ပြည့်စိုက်လာလိမ့်မယ်။ ဗယ်ဘွေနာ၊ အယ်လ်အာရာဘီတို့ရဲ့ အိုလံပီယာကော့စ်တိုက်စစ်က အာဆင်နယ်ခံစစ်ကို ဒုက္ခပေး နိုင်စွမ်း အပြည့်ရှိလို့ အာဆင်နယ် ပေါ့လို့တော့ မရဘူး။ အာဆင်နယ်အတွက် ကံကောင်းတာက ဒီပွဲပြီးရင် ကစားမယ့် ပရီး မီးယားလိဂ်ပွဲစဉ်က ရွှေ့ဆိုင်းထားလို့ ဒီပွဲကို လူစုံထုတ်ခွင့် ရှိနေတာပါ။ ဒါကြောင့် အင်အားပြည့်ပွဲထွက်ပြီး နောက်တစ်ဆင့် အတွက် စိတ်အေးရအောင် အာဆင်နယ် ကြိုးစားလာလိမ့်မယ်။ အာဆင်နယ် နိုင်ပွဲရမှာ သေချာပေမယ့် (၂)ဂိုးပြတ်နိုင် ဖို့တော့ ခက်လိမ့်မယ်။
မန်ယူ နှင့် ကလပ်ဘရုဂေး (သောကြာနံနက် ၂း၃၀ နာရီ)
မန်ယူက ဘရူနိုဖာနန်ဒက်စ်ရောက်လာချိန်မှာ ခြေစွမ်းပိုင်း သိသိသာသာ တက်လာတာကို တွေ့ရတယ်။ ဘရူနိုဖာနန် ဒက်စ်အနေနဲ့ အသင်းရဲ့တိုက်စစ်ကို မောင်းနှင်နိုင်သလို၊ ကစားကွက်ကိုလည်း ထိန်းချုပ်နိုင်တာကို တွေ့ရတယ်။ တွမ်မီနေး လည်း ပြန်ပါလာပြီဖြစ်လို့ ပွဲကျပ်ကာလကို စတင်ဖြတ်သန်းနေရပြီဖြစ်တဲ့ မန်ယူအတွက်တော့ သတင်းကောင်းပါပဲ။ ဘရုဂေး မှာ လျင်မြန်ပြီး တစ်ဦးချင်းတိုးအားကောင်းတဲ့ ကစားသမားတွေရှိလို့ အမှားအယွင်းများတတ်တဲ့ မန်ယူခံစစ် သတိထားရ လိမ့်မယ်။ ချန်ပီယံလိဂ်မှာ PSG ကို ကပ်ရှုံး၊ ရီးယဲလ်ကို သရေကစားထားတဲ့ ဘရုဂေးရဲ့ အသင်းကြီးတွေအပေါ် တု့ံပြန်နိုင် စွမ်းက လေးစားစရာပါ။ ခံစစ်ကို လုံအောင်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားလာမယ့် ဘရုဂေးက မန်ယူကို ခက်ခဲစေ လိမ့်မယ်။ မန်ယူ ကပ်နိုင်ရုံထက် မပိုပါဘူး။
အင်တာမီလန် နှင့် လူဒိုဂိုရတ်စ် (သောကြာနံနက် ၂း၃၀ နာရီ)
အင်တာမီလန်အတွက် လူဒိုဂိုရတ်စ်က လွယ်ကူလွန်းတဲ့ ပြိုင်ဘက်ပါပဲ။ ပထမအကျော့မှာလည်း ဂိုးပြတ်အနိုင်ရထားလို့ ဒီပွဲက ဖိအားကင်းနေပါတယ်။ အင်တာမီလန်ပဲ အနိုင်ရဦးမှာဖြစ်ပြီး (၂-၀)လောက် ဖြစ်လိမ့်မယ်။
ဆာလ်ဇ်ဘာ့ဂ် နှင့် ဖရန့်ဖတ် (သောကြာနံနက် ၂း၃၀ နာရီ)
ဆာလ်ဇ်ဘာ့ဂ်က ပွဲကျပ်ကာလကို ဖြတ်သန်းနေရပြီး ရလဒ်တွေ ယိုင်သွားတယ်။ ခြေစွမ်းကတော့ ထက်မြက်ဆဲဖြစ်ပြီး တိုက်စစ်ကောင်းတယ်။ ဖရန့်ဖတ်ကလည်း အဝေးကွင်းမှာ ခြေကျတတ်လို့ ဆာလ်ဇ်ဘာ့ဂ် နိုင်အောင်တော့ ကစားလိမ့်မယ်။
ဘင်ဖီကာ နှင့် ရှက်တာဒိုးနက် (သောကြာနံနက် ၂း၃၀ နာရီ)
ဘင်ဖီကာအသင်း ပွဲကျပ်တွေကြားထဲ ရလဒ်ကျဆင်းနေတယ်။ ဒါပေမဲ့ အဝေးဂိုးရထားတာက အားသာချက်ပါပဲ။ ခံစစ် ပိုင်းမာကျောမှုနဲ့ ရှက်တာဒိုးနက်ကို ရင်ဆိုင်မှာဖြစ်ပြီး ရှက်တာကတော့ အမှားများတဲ့အသင်းမျိုးပါ။ ဘင်ဖီကာ နိုင်ပွဲပြန်ယူပြီး နောက်တစ်ဆင့် တက်လိမ့်မယ်။










