ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး လှောင်ပြောင်ခဲ့သည့် အယ်လီ စွဲချက်တင်ခံရ

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး လှောင်ပြောင်ခဲ့သည့် အယ်လီ စွဲချက်တင်ခံရ
Published 27 February 2020

FA က အယ်လီ၏လုပ်ရပ်မှာ ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်း E3(1) အချက်ပါ  "စော်ကားမှု၊ မလျော်ကန်သည့်အပြုအမူကို ပြုလုပ်မှု"ကို ကျူးလွန်သည်ဆိုကာ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စပါးကွင်းလယ်လူ အယ်လီသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး လှောင်ပြောင်ခဲ့ခြင်းအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်  (FA) ၏ စွဲချက်တင်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ 

အယ်လီသည် Snapchat တွင် ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ရာ  ကိုယ်တိုင် Mask တပ်ဆင်ထားသည်ကို ပြသခဲ့သလို၊ အာရှသား တစ်ဦးကိုလည်း ရိုက်ကူးပြသခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို ကြောက်ရွံ့သည့်သဘော ဟာသလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် အယ်လီသည် ဝေဖန်ပြစ်တင်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ဗီဒီယိုဖိုင်ကို ပြန်လည်ဖြုတ်ချကာ တရုတ်လူမှုကွန်ရက် Weibo မှတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့သည်။ 

သို့သော် FA က အယ်လီ၏လုပ်ရပ်မှာ ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်း E3(1) အချက်ပါ  "စော်ကားမှု၊ မလျော်ကန်သည့်အပြုအမူကို ပြုလုပ်မှု"ကို ကျူးလွန်သည်ဆိုကာ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အယ်လီအနေဖြင့် အဆိုပါစွဲချက်ကို မတ်လ (၅)ရက်နေ့ နောက်ဆုံးထားချေပခွင့်ရှိကြောင်းလည်း သိရသည်။ 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ ဥရောပတွင်ပါ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း သိရှိရသည်။ 

 

Most Read

Most Recent