နီဂရီဒိုက "ရီးယဲလ်အသင်းအနေနဲ့ ဒီရာသီမှာ ဂိုးရဖို့ ရုန်းကန်နေရတာ ဘန်ဇီမာ၊ ဟာဇက်၊ ဘေးလ်တို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်း တကယ်လိုအပ်နေတာက တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဘန်ဇီမာနဲ့ တွဲကစားဖို့ဆိုရင်တော့ ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"ဟု ဆိုခဲ့သည်။
ယူအေအီးကလပ် အယ်လ်နာဆာအသင်းတွင် ကစားနေသည့် စပိန်တိုက်စစ်မှူးဟောင်း နီဂရီဒိုက ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာအနေဖြင့် ရှေ့တန်းတွင်တွဲဖက်ကစားရန် တိုက်စစ်မှူးတစ်ဦး လိုအပ်နေပြီး ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းမှာ ဘန်ဇီမာနှင့် တွဲဖက်ကစားရန် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု အကြံပြုပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားပြီးနောက် ၎င်းနေရာတွင် အစားထိုးရန်အတွက် ဟာဇက်၊ ယိုဗစ်တို့ကို ခေါ်ယူခဲ့သည်။

သို့သော် ရီးယဲလ်အသင်း တိုက်စစ်မှာ ဘန်ဇီမာကို အားကိုးနေရဆဲဖြစ်ပြီး ဘန်ဇီမာ ဂိုးပေါက်ပျောက်ချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ရီးယဲလ်(B) အသင်းတွင် (၂)ရာသီ ကစားခဲ့သည့် နီဂရီဒိုက ဘန်ဇီမာ၏ ကစားပုံအရ ၎င်းနှင့်တွဲဖက်ကစားရန် တိုက်စစ်မှူး လိုအပ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နီဂရီဒိုက "ရီးယဲလ်အသင်းအနေနဲ့ ဒီရာသီမှာ ဂိုးရဖို့ ရုန်းကန်နေရတာ ဘန်ဇီမာ၊ ဟာဇက်၊ ဘေးလ်တို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်း တကယ်လိုအပ်နေတာက တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဘန်ဇီမာက တခြားတိုက်စစ်မှူးတစ်ဦးနဲ့ တွဲဖက်ကစားမှ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ကစားသမားပါ။ ဘန်ဇီမာနဲ့ တွဲကစားဖို့ဆိုရင်တော့ ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒေါ့မွန်အသင်းမှာ ဟော်လန်းရဲ့ စွမ်းဆောင်မှုက အံ့သြစရာကောင်းပြီး သူဟာ ရီးယဲလ်အသင်းနဲ့ အလွန်လိုက်ဖက်မယ့် ကစားသမားပါ"ဟု ဆိုခဲ့သည်။
ဘန်ဇီမာ (၃၁ နှစ်)သည် ရီးယဲလ်အသင်းအတွက် ယခုရာသီ လာလီဂါ (၂၄)ပွဲတွင် (၁၃)ဂိုး သွင်းယူထားသည်။










