ရီးယဲလ်မက်ဒရစ် နှင့် မန်စီးတီး (၂၇-၂-၂၀၂၀ နံနက် ၂း၃၀ နာရီ)
ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ (၂)ကြိမ်ကြုံဖူးတယ်။ အိမ်ကွင်း၊ အဝေးကွင်းဆိုရင် (၄)ပွဲ။ နှစ်ကြိမ်စလုံးမှာ ရီးယဲလ်က မန်စီးတီးကို အသာစီးယူခဲ့တယ်။ ၂၀၁၂ တုန်းက ရီးယဲလ်က နှစ်ကျော့ပေါင်း (၄-၃) ကစားခဲ့ပြီး၊ ၂၀၁၆ တုန်းကတော့ နှစ်ကျော့ပေါင်း (၁-၀) ကစားခဲ့တယ်။ ဒီနှစ်သင်းရင်ဆိုင်ခဲ့တဲ့ အချိန်တွေကိုကြည့်ရင် မန်စီးတီးက ပိုကောင်းလာတယ်လို့ ပြောလို့ရပြီး ရီးယဲလ်ကတော့ အရင်လို ခြေစွမ်းမဟုတ်တော့ဘူး။ လက်ရှိ ခြေစွမ်းပိုင်းအရ သိပ်မကွာဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကွင်းတွင်းခြေစွမ်းပိုင်းအရဆိုရင် မန်စီးတီးကို ပိုကြိုက်တယ်။ နည်းပြချင်းယှဉ်ရင် ဂွါဒီယိုလာက ပိုအတွေ့အကြုံရှိ၊ ဖလားတွေပိုများတဲ့သူဆိုပေမယ့် နည်းပြသက်တမ်းကွာတာကြောင့်လည်းဖြစ်မယ်။ နှစ်ဦးစလုံးက ချန်ပီယံလိဂ်မှာ အောင်မြင်သူတွေဖြစ်ပြီး အထူးသဖြင့် ဇီဒန်းရဲ့ ချန်ပီယံလိဂ်မှတ်တမ်းက တော်တော်ကောင်းပါတယ်။ ရီးယဲလ်က မန်စီးတီးကိုချန်ပီယံလိဂ်မှာ ဘယ်တုန်းကမှ မရှုံးခဲ့ဖူးဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာ အားနည်းချက်တွေရှိနေတာအမှန်ပဲ။ ဟာဇက်ကလည်း ပြန်ကစားတာနှစ်ပွဲ မပြည့်သေးချိန် ဒဏ်ရာပြန်ရသွားခဲ့တယ်။ ရီးယဲလ်အတွက် ဒီတစ်ကြိမ်က အရင်တုန်းကပွဲတွေထက် ပိုခက်ခဲလိမ့်မယ်လို့ ယူဆတယ်။ ဘာနေဗျူးမှာ မန်စီးတီး သရေနဲ့အနိုင်ပဲလို့လည်း ထင်တယ်။
ရီးယဲလ်မက်ဒရစ် နှင့် မန်စီးတီးပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့
ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၄)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၇)ပွဲတွင် (၄)ပွဲသာအနိုင်ရခဲ့သော်လည်း အနိုင်ရသည့်ပွဲတိုင်း (၃)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သည်။
ယင်း (၂)သင်းမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် (၅)ကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းက နိုင်ပွဲရရှိခြင်း မရှိသေးချေ။
လိုင်ယွန် နှင့် ဂျူဗင်တပ်စ် (၂၇-၂-၂၀၂၀ နံနက် ၂း၃၀ နာရီ)
ဒီရာသီ လိုင်ယွန်ရဲ့ရလဒ်တွေက အားရစရာမရှိဘူး။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ဖို့တောင် မလွယ်ကူတဲ့အနေအထားဖြစ်နေတယ်။ ဂျူဗင်တပ်စ်ကတော့ ဖြည်းဖြည်းမှန်မှန်တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒီအဆင့်က ဂျူဗင်တပ်စ်အတွက် သိပ်မခက်လောက်ဘူး။ ဒီရာ သီချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာလည်း ရလဒ်ကောင်းပါတယ်။ ဒီပွဲက နှစ်ကျော့စလုံး ဂျူဗင်တပ်စ်နိုင်မယ့်ပွဲဖြစ်ပြီး လိုင်ယွန်ကွင်းမှာတော့ (၁-၂)လောက်ဖြစ်မယ်ထင်တယ်။










