ဂျူဗင်တပ်စ်နည်းပြ ဆာရီက ဘရက်စီယာနဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို အနားပေးခဲ့ပြီး တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စီရော်နယ်လ်ဒို ပြန်ပါလာပြီး အနည်းဆုံး (၂)ဂိုးပြတ်နိုင်မယ်ထင်တယ်။
ဘိုလော့ဂ်နာ နှင့် အူဒီးနီးစ် (စနေည ၈း၃၀ နာရီ)
အိမ်ကွင်းနောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာ ရှုံးပွဲတွေ့ထားပြီး လက်ရှိရာသီအိမ်ကွင်းရလဒ်ကလည်း သိပ်မကောင်းလို့ အူဒီးနီးစ်ရဲ့ တန်းဆင်းဇုန်ရုန်းအားကို သတိထားရမယ်။ ဒါပေမဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ရှိနေလို့ ဘိုလော့ဂ်နာ နိုင်ပွဲရရှိအောင် ကြိုးစားပါလိမ့်မယ်။
SPAL နှင့် ဂျူဗင်တပ်စ် (စနေည ၁၁း၃၀ နာရီ)
SPAL ရဲ့ တန်းမဆင်းရရေးမျှော်လင့်ချက်ဟာ မဖြစ်နိုင်သလောက် ပါးလျနေပါပြီ။ အိမ်ကွင်းမှာ ပိုပြီးကြိုးစားကစားတတ်ပေမယ့် ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ ဂျူဗင်တပ်စ်ဆီကနေ တစ်မှတ်တောင်မျှော်လင်ခွင့်မရှိပါဘူး။ ဂျူဗင်တပ်စ်နည်းပြ ဆာရီက ဘရက်စီယာနဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို အနားပေးခဲ့ပြီး တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စီရော်နယ်လ်ဒို ပြန်ပါလာပြီး အနည်းဆုံး (၂)ဂိုးပြတ်နိုင်မယ်ထင်တယ်။
ဖီအိုရင်တီးနား နှင့် အေစီမီလန် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
ဆမ်ဒိုးရီးယားကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဖီအိုရင်တီးနားရဲ့ကစားပုံကို သိပ်ပြီး အထင်ကြီးလို့မရသေးဘူး။ အေစီမီလန်ရဲ့ ကစားပုံက ဖီအိုရင်တီးနားထက် ပိုပြီးတည်ငြိမ် တယ်။ ခံစစ်ကသိပ်ပြီးစိတ်မချရသေးပေမယ့် တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းနိုင်သူတွေ များလာ တယ်။ အီဘရာဟီမိုဗစ်က အေစီမီလန်တိုက်စစ်ကိုဦးဆောင်ကစားနိုင်ပြီး သူ့ကြောင့် ကျန် အသင်းဖော်တွေ အခွင့်အရေးတွေ ပိုရလာတယ်။ အေစီမီလန် ရလဒ်ကောင်းမယ်။










