မတ်လအတွင်း ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲကို ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားရန် တရုတ်အသင်း စီစဉ်နေ

မတ်လအတွင်း ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲကို ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားရန် တရုတ်အသင်း စီစဉ်နေ
Photo: Fox Sports
Photo: Fox Sports
Published 20 February 2020

တရုတ်ဘောလုံးအဖွဲ့ချုပ်သည် မတ်လအတွင်း ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲကို ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်နေကြောင်း သိရှိရသည်။

တရုတ်လက်ရွေးစင်ဘောလုံးအသင်းသည် မတ်လအတွင်းတွင် မော်လ်ဒိုက်နှင့် အိမ်ကွင်းပွဲ၊ ဂူအမ်နှင့် အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကြားကွင်း၌ ပြောင်းလဲယှဉ်ပြိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

တရုတ်ဘောလုံးအဖွဲ့ချုပ်က အိမ်ကွင်းအဖြစ် ကစားရမည့် မော်လ်ဒိုက်နှင့်ပွဲကို ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ရန် စီစဉ်နေသလို၊ ဂူအမ်အသင်းကိုလည်း ထိုင်းနိုင်ငံ၌ လာရောက်ကစားပေးရန် တောင်းဆိုသွားမည်ဟု သိရှိရသည်။

ဂူအမ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ လက်အောက်ခံ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံက ၎င်းတို့၏ လက်အောက်ခံနယ်ပယ်ဒေသအားလုံးသို့ တရုတ်နိုင်ငံသားများအား ဝင်ရောက်ခွင့်ပိတ်ပင်ထားကြောင်း သိရှိရသည်။

ထို့ကြောင့် ဂူအမ်ကို ကြားကွင်း၌ ကစားပေးရန် တောင်းဆိုသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကစားခွင့်မရပါက ယူအေအီးနိုင်ငံတွင် ကစားခွင့်ရရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent