ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူအသင်း မိမိကို ကြိုးစားခဲ့သည်ဟု ရွန်ဒွန် ပြောကြား

ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူအသင်း မိမိကို ကြိုးစားခဲ့သည်ဟု ရွန်ဒွန် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 20 February 2020

တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ပရော်ဖက်ရှင်နယ်(ယခင်  ဒါလီယန်ယီဖန်း)အသင်းတွင် ကစားနေသော ဗင်နီဇွဲလားတိုက်စစ်မှူး ရွန်ဒွန်က ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် မန်ယူအသင်းက ၎င်းကို ခေါ်ယူရန် ကြိုးစားခဲ့သည်ဟု ပြောကြားခဲ့သည်။

ရွန်ဒွန်(၃၀ နှစ်)သည် ဝက်စ်ဘရွန်း၊ နယူးကာဆယ်အသင်းတို့တွင် ယှဉ်ပြိုင်ကစားကာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိဖူးသူဖြစ်ပြီး ၂၀၁၉ နွေရာသီတွင် နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်၏ ဒါလီယန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် တိုက်စစ်ပိုင်းကို အားဖြည့်ရန် တရုတ်စျေးကွက်၌ ရှာဖွေခဲ့ရာတွင် အီဂါလိုနှင့်အတူ ရွန်ဒွန်ကိုလည်း ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရွန်ဒွန်က ''အဲဒီသတင်းက ကောလာဟလသက်သက်မဟုတ်ပါဘူး။ ကျွန်တော် မန်ယူကစားသမားဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။ အခုတော့ ဒါလီယန်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်'' ဟုပြောကြားခဲ့သည်။

ရွန်ဒွန်သည် ဒါလီယန်အသင်းအတွက် (၁၁)ပွဲတွင် (၅)ဂိုးသွင်းယူခဲ့သလို၊ ဗင်နီဇွဲလားအသင်းအတွက်လည်း ၂၀၁၉ ခုနှစ်အတွင်း (၁၀)ပွဲကစားကာ (၉)ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent