၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အခွန်ရငွေများတွင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊ အကောက်ခွန်၊ မြေလွတ်မြေလပ် မြေရိုင်းများ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရသည့် အခွန်များအား ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သိရ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အခွန်ရငွေများတွင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊ အကောက်ခွန်၊ မြေလွတ်မြေလပ် မြေရိုင်းများ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရသည့် အခွန်များအား ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သိရ
ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက အခွန်ရငွေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနေစဉ်
ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက အခွန်ရငွေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနေစဉ်
Published 14 February 2020
စည်သူ၊ အောင်မင်းသိန်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အခွန်ရငွေများတွင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊ အကောက်ခွန်၊ မြေလွတ် မြေလပ်မြေရိုင်းများ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရသည့် အခွန်းများအား ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြကာ ယင်းအခွန်ရငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀) ကို လွှတ်တေ်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ အခွန်အမျိုးအစားအလိုက် ဆောင်ရွက်နိုင်မှုကို လေ့လာပါက ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊ အကောက်ခွန်၊ ရေခွန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရရှိသည့် အခွန်လေးမျိုးမှအပ ကျန်အခွန်အကောက် ၁၈ မျိုးတို့တွင် ရည်မှန်းချက်ကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ပြေကြားသည်။

ဆက်လက်ပြီး ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်အတွက် ရည်မှန်းချက် မပြည့်မီရခြင်းသည် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချမည့် အလားအလာများ ဖြစ်ပေါ်ခဲ့၍ အိမ်၊ ခြံ၊ မြေ ဝယ်ယူရောင်းချမှုများ နည်းပါးသွားခြင်းကြောင့်ဖြစ်ပြီး အကောက်ခွန်အတွက် ရည်မှန်းချက် မပြည့်မီခြင်းသည် ဘုံအကျိုးစီးပွားအတွက် အကောက်ခွန် အပြန်အလှန် လျှော့ချရေး အစီအစဉ်အရ အကောက်ခွန် လျော့နည်းခံစားခွင့်ပြုခြင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သည့် လုပ်ငန်းများအတွက် အကောက်ခွန် လွတ်ငြိမ်းခွင့်ပြုခြင်းတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ပြောကြားထားသည်။

ထို့ပြင် ရေခွန်နှင့် ပတ်သက်၍ ပြုပြင်ပြီး ခန့်မှန်းခြေအပေါ် ၉၈ ဒသမ ၂၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရရှိသည့် အခွန်ကိစ္စတွင် မြေခွန်ပေးသွင်းရမည့် လုပ်ပိုင်ခွင့် ရရှိသူများအား ဆက်သွယ်၍ မရရှိခြင်း၊ ဆက်သွယ်ရရှိသော်လည်း လာရောက်ပေးသွင်းမှု မရှိခြင်းတို့ကြောင့်ဖြစ်ပြီး မြေခွန်ပေးဆောင်ရမည့် သူများအား နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ်ပြီး မြေခွန်ပေးဆောင်ရန် နှိုးဆော်တောင်းခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။

ပြည်ထောင်စု၏ အခွန်အကောက် ရငွေသည် နှစ်စဉ်တိုးတက် ရရှိနေသော်လည်း အဓိကကျသော စီးပွားရေးဆိုင်ရာ အချက်အလက်များအရ အခွန်ရငွေနှင့် ဂျီဒီပီအချိုးကျဆင်းနေခြင်း၊ ပြည်ထောင်စု၏ ရငွေသုံးငွေနှင့် နှိုင်းယဉ်အချိုး ကျဆင်းနေပါ၍ အခွန်အကောက်ရငွေ တိုးတက်ရရှိအောင် ဆောင်ရွက်ရန်၊ အခွန်အကောက်ရငွေ တိုးတက်အောင် ဆောင်ရွက်ရာတွင် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်းထက် တည်ဆဲဥပဒေ ပြဌာန်းချက်များနှင့်အညီ တိုးတက်ကောက်ခံ ရရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အခွန်အခြေ ချဲ့ထွင်ခြင်းဖြင့် အခွန်ကောက်ခံ မှုဧရိယာ တိုးချဲ့ဆောင်ရွက်ရန် အစီရင်ခံစာတွင် ပြောကြားထားသည်။

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ မြေခွန်များ အပြည့်အဝ ကောက်ခံရရှိရေးအတွက် မြေခွန်များကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အပြည့်အဝ ကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် အခွန်ကောက်ခံရန် တာဝန်ရှိသူများ အနေဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ မြေခွန်ပေးဆောင်ရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားရန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ မြေခွန်အပြည့်အဝ ကောက်ခံရရှိနိုင်ရေးအတွက် စာရင်းဇယား ပြည့်စုံမှန်ကန်ရေးနှင့် မြေကြီး၊ မြေပုံ ကိုက်ညီမှန်ကန်ရေး စနစ်တကျ ပြုစုဆောင်ရွက်သွားရန်နှင့် မြေခွန်များကို သတ်မှတ်ကာလအတွင်း အပြည့်အဝ ကောက်ခံနိုင်ရေးအတွက် ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးဆောင်ရွက် သင့်မသင့် သုံးသပ်ဆောင်ရွက်သွားရန် ငွေစားရင်းပူးပေါင်း ကော်မတီက ပြောကြားထားသည်။

 

Most Read

Most Recent