လီဗာပူးလ်အသင်းသည် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကို ပေါင်သန်း(၅၀)တန်ကြေးရှိသည့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသို့ ပေါင်(၇၅)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သည့် ဗန်ဒိုက်သည် အသင်း၏ အရေးအပါဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်လာခြင်းကြောင့် လီဗာပူးလ်အသင်းက စာချုပ်သစ်ချုပ်ဆိုကာ ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသည် လက်ရှိလစာ တစ်ပတ်ပေါင်(၁၂၀၀၀၀)ရရှိနေသည့် ဗန်ဒိုက်ကို တစ်ပတ်ပေါင်(၁၅၀၀၀၀)အထိ တိုးမြှင့်ပေးပြီး (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
အပိုဆုကြေးများကိုပါ ထည့်တွက်လျှင် အဆိုပါစာချုပ်သစ်မှာ ပေါင်သန်း(၅၀)ဝန်းကျင် တန်ကြေးရှိမည်ဟုလည်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဖလားရရှိခဲ့သည့်အတွက် ကစားသမားများကို ပေါင်(၇)သန်း ဆုကြေးပေးခဲ့သလို၊ ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပါက ပေါင်(၄)သန်း ဆုကြေးပေးသွားမည်ဟုလည်း သိရှိရသည်။
လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသည့် ဗန်ဒိုက်ကို ဂျူဗင်တပ်စ်အသင်းက လာမည့်နွေရာသီတွင် ကမ်းလှမ်းမှုပြုလုပ်သွားရန် စီစဉ်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။










