အပြောင်းအရွှေ့စျေးကွက်(၂)ခုအတွင်း ချယ်လ်ဆီးအသင်း ယူရို(၂၀၅)သန်း အမြတ်ထွက်ခဲ့ပြီး ရီးယဲလ်အသင်း ယူရိုသန်း(၁၈၀)ကျော် အရှုံးပြ

အပြောင်းအရွှေ့စျေးကွက်(၂)ခုအတွင်း ချယ်လ်ဆီးအသင်း ယူရို(၂၀၅)သန်း အမြတ်ထွက်ခဲ့ပြီး ရီးယဲလ်အသင်း ယူရိုသန်း(၁၈၀)ကျော် အရှုံးပြ
Photos : Getty Images
Photos : Getty Images
Published 11 February 2020

ချယ်လ်ဆီးအသင်းသည် နောက်ဆုံးအပြောင်းအရွှေ့ စျေးကွက်(၂)ခုအတွင်း ယူရို(၂၀၅)သန်း အမြတ်ထွက်ခဲ့ပြီး ဥရောပထိပ်သီးလိဂ်(၅)ခုထဲတွင် အမြတ်ငွေအများဆုံးရရှိ သည့်အသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။နာမည်ကျော်ဘောလုံးသုတေသနအဖွဲ့ CIES က ၂၀၁၉ နွေရာသီနှင့် ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက် (၂)ခုမှ ကစားသမားအပြောင်းအရွှေ့များကို စစ်တမ်းပြုစုကာ ၂၀၁၉-၂၀ ရာသီအတွက် အပြောင်းအရွှေ့လှုပ်ရှားမှု အရှုံးအ အမြတ်စာရင်းကို ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။ 

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရသော ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့တွင်လည်း ကစားသမားသစ်ခေါ်ယူမှု မပြုလုပ် ခဲ့သည့်အတွက် ယခုကဲ့သို့ အမြတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် အဆိုပါစျေးကွက်နှစ်ခုအတွင်း အငှားခေါ်ယူထားသည့် ကိုဗာချစ်ကို ယူရို(၄၅)သန်း ဖြင့် အပြီးသတ်ခေါ်ယူမှုသာ ပြုလုပ်ခဲ့ပြီး ကစားသမား(၁၆)ဦးအား ရောင်းချရာမှ ယူရိုသန်း(၂၅၀)အထိ ရရှိခဲ့သည်။ ထို့ ကြောင့် အသားတင်အမြတ်ငွေ ယူရို(၂၀၅)သန်း ရှိခဲ့ခြင်းဖြစ် သည်။ ဘင်ဖီကာအသင်းက အမြတ်ငွေ ယူရို(၁၆၆)သန်းဖြင့် ဒုတိယလိုက်ခဲ့ပြီး အေဂျက်စ်အသင်းက အမြတ်ငွေ ယူရို (၁၃၇)သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ ယူရို သန်း(၁၀၀)အထက် အမြတ်ထွက်သည်မှာလည်း ယင်း(၃) သင်းသာရှိကြောင်း သိရသည်။

အပြောင်းအရွှေ့စျေးကွက်(၂)ခုတွင် အရှုံးအပေါ်ဆုံး အသင်းမှာ ကစားသမားခေါ်ယူမှုအတွက် ယူရိုသန်း(၃၃၀) သုံးစွဲခဲ့ပြီး ကစားသမားရောင်းချမှုမှ ယူရို(၁၄၉)သန်းသာ ပြန် ရှာနိုင်ခဲ့၍ ယူရို(၁၈၁)သန်း အရှုံးပြခဲ့သည့် ရီးယဲလ်အသင်း ဖြစ်ကြောင်း သိရသည်။ အံ့အားသင့်စရာဖြစ်ခဲ့သည်မှာ ဒုတိ ယနေရာတွင် အက်စတွန်ဗီလာအသင်းက ယူရို(၁၆၉)သန်း အရှုံးပေါ်ကာ ရပ်တည်ခဲ့ခြင်းပင်ဖြစ်သည်။ ထိပ်သီးအသင်းအများစုမှာ အရှုံးပြသည့်ဘက်တွင်ရှိခဲ့ကြပြီး လိဂ်အလိုက်ဆိုပါ က ပရီးမီးယားလိဂ်က ယူရို(၈၄၄)သန်းဖြင့် အရှုံးအများဆုံး လိဂ်ဖြစ်ခဲ့သည်။ ဥရောပထိပ်သီးလိဂ်(၅)ခုထဲတွင် ပြင်သစ်လီဂူးမှလွဲ၍ ကျန်လိဂ်(၄)ခုစလုံး အရှုံးပြခဲ့ပြီး ပြင်သစ်လီဂူးမှာမူ ယူရို(၁၀၆)သန်း အမြတ်ထွက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent