လီဗာပူးလ်တိုက်စစ်ကစားသမား မာနေ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခဲ့ပြီး နောဝစ်ချ်နှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိ

လီဗာပူးလ်တိုက်စစ်ကစားသမား မာနေ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခဲ့ပြီး နောဝစ်ချ်နှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိ
Photo: Daily Mail
Photo: Daily Mail
Published 10 February 2020

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် လီဗာပူးလ်တိုက်စစ်ကစားသမား မာနေသည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး လာမည့် နောဝစ်ချ်နှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

မာနေသည် ဝုလ်ဗ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ယင်းဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး (၁၈)ရက်ခန့် အနားယူခဲ့ရသည်။

ယင်းကာလအတွင်း ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်ခဲ့ရသည်။

မာနေသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲကစားကာ (၁၅)ဂိုးသွင်းယူပေးထားသူဖြစ်သည်။

ထို့ကြောင့် အချိန်တိုအတွင်း မာနေ ဒဏ်ရာမှ ပြန်လာနိုင်ခြင်းမှာ လီဗာပူးလ်အတွက် သတင်းကောင်းလည်း ဖြစ်ခဲ့သည်။

ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် မီလ်နာမှာလည်း တံကောက်ကြောဒဏ်ရာ ပျောက်ကင်းသွားပြီဖြစ်၍ မာနေနှင့်အတူ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့၏ လေ့ကျင့်မှုကို လီဗာပူးလ်အသင်းဥက္ကဋ္ဌ တွမ်ဝါနာ လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent