UFC တွင် ဂျွန်ဂျုံးစ် Title Fight (ချန်ပီယံပွဲ)နိုင်ပွဲအများဆုံး ဖြစ်လာ

UFC တွင် ဂျွန်ဂျုံးစ် Title Fight (ချန်ပီယံပွဲ)နိုင်ပွဲအများဆုံး ဖြစ်လာ
Published 10 February 2020

ဂျွန်ဂျုံးစ် (၃၂ နှစ်)သည် ယခုနိုင်ပွဲကြောင့် UFC သမိုင်းတွင် Title Fight နိုင်ပွဲ (၁၄)ပွဲရရှိသည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သည်။ 

အမေရိကန် MMA အားကစားသမား ဂျွန်ဂျုံးစ်သည် UFC ပြိုင်ပွဲ သမိုင်းတစ်လျှောက် Title Fight (ချန်ပီယံပွဲ)နိုင်ပွဲအများဆုံးဖြစ်လာကြောင်း သိရသည်။

ဖေဖော်ဝါရီ(၈)ရက်က အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့တွင် ကျင်းပခဲ့သော UFC247 ၏ Main Fight ပွဲစဉ်အဖြစ် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ဂျွန်ဂျုံးစ်သည် ဒေါ်မီနစ်ရေးယက်စ် နှင့် ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရရှိကာ ချန်ပီယံရွှေခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ 

အစောပိုင်းအချီများတွင် စိန်ခေါ်သူ ရေးယက်စ်က ဖိအားပေးထိုးသတ်နိုင်ခဲ့သည်။ 

နောက်ပိုင်းတွင်မူ ဂျွန်ဂျုံးစ်က ပြန်လည်အသာရခဲ့ပြီး (၅)ချီပြီးဆုံးချိန်အထိ အဖြေမပေါ်သဖြင့် ဒိုင်အဆုံးအဖြတ်ခံယူရာ ၄၈-၄၇၊ ၄၈-၄၇၊ ၄၉-၄၆ မှတ်ဖြင့် ဒိုင်သုံးဦးစလုံးက အနိုင်ပေးခဲ့သည်။

ဂျွန်ဂျုံးစ် (၃၂ နှစ်)သည် ယခုနိုင်ပွဲကြောင့် UFC သမိုင်းတွင် Title Fight နိုင်ပွဲ (၁၄)ပွဲရရှိသည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သည်။ 

ပွဲအပြီးတွင် ပြိုင်ဘက် ဒေါ်မီနစ်နှင့် ပတ်သက်၍ "ဒေါ်မီနစ်က အရပ်ရှည်တယ်။ ကြီးထွားပြီး သန်မာတယ်။ ပြီးတော့ နည်းပြကောင်းကောင်းနဲ့လေ့ကျင့်ခဲ့ရတယ်။ သူဟာ ကျွန်တော်ထင်ထားတာထက် အများကြီးပိုကောင်းခဲ့တယ်။ သူထိုးခဲ့တဲ့ ပွဲတိုင်းလိုလို အလဲထိုးအနိုင်ယူခဲ့ပြီး ပြိုင်ဘက်ကောင်းတစ်ယောက်ပါ"ဟု ဂျွန်ဂျုံးစ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent