ပေါ့ဘာအတွက် မန်ယူအသင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)သတ်မှတ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရောင်းချရန် စီစဉ်နေ

ပေါ့ဘာအတွက် မန်ယူအသင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)သတ်မှတ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရောင်းချရန် စီစဉ်နေ
Published 10 February 2020

ယခု မန်ယူအသင်းသည် ပေါ့ဘာအတွက် ၎င်းတို့အလိုရှိသောကြေးကို လျှော့ချခဲ့ပြီး ပေါ့ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာထံ အသိပေး အကြောင်းကြားခဲ့ကြောင်းသိရှိရသည်။ 

မန်ယူအသင်းသည် ကွင်းလယ်လူ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၅၀)သတ်မှတ်ခဲ့ပြီး လာမည့်နွေရာသီတွင် ၎င်းကို ရောင်းချမည်ဖြစ်ကြောင်း Metro သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ပြီးခဲ့သည့်နွေရာသီက ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၈၀)အထိ သတ်မှတ်ခဲ့ပြီး ၎င်းအားခေါ်ယူလိုသည့် ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အစရှိသောအသင်းများမှာ ယင်းပြောင်းရွှေ့ကြေးပမာဏကြောင့် လက်တွန့်ခဲ့ကြသည်။ 

ယခု မန်ယူအသင်းသည် ပေါ့ဘာအတွက် ၎င်းတို့အလိုရှိသောကြေးကို လျှော့ချခဲ့ပြီး ပေါ့ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာထံ အသိပေး အကြောင်းကြားခဲ့ကြောင်းသိရှိရသည်။ 

မန်ယူအသင်းဘုတ်အဖွဲ့တာဝန်ရှိသူများနှင့် နည်းပြ ဆိုးလ်ရှားတို့အနေဖြင့် အသင်းတွင် ပြဿနာအမျိုးမျိုးဖန်တီးနေသော ပေါ့ဘာကို လမ်းခွဲခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဗြိတိန်သတင်းစာ The Sun ကလည်း ဖော်ပြခဲ့သည်။

ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် အသင်း၏ ပွဲစဉ်အတော်များများတွင် မပါဝင်နိုင်ဘဲ လွဲချော်ခဲ့ရသည်။ 

ပေါ့ဘာကိုယ်တိုင်ကလည်း လာမည့်နွေရာသီတွင် မန်ယူအသင်းမှ ထွက်ခွာတော့မည်ဟု အသင်းဖော်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent