ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ၌ ထူးခြားတိုက်ဆိုက်စွာပင် ကစားသမား(၉)ဦးဆက် ပယ်နယ်တီလွဲချော်ခဲ့ပြီး အင်နီယေစတာမှာမူ ၎င်း၏ပယ်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။
စပိန်ဂန္ထဝင်ကစားသမားကြီး အင်နီယေစတာ ပါဝင်ကစားနေသော ဗစ်ဆဲလ်ကိုဘေအသင်းသည် ဂျပန်စူပါဖလားပြိုင်ပွဲတွင် ယိုကိုဟားမားမာရီနို့စ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် အချိန်ပိုပြီးဆုံးချိန်အထိ တစ်ဖက်(၃)ဂိုးစီသရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ၌ ဗစ်ဆဲလ်ကိုဘေအသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ၌ ထူးခြားတိုက်ဆိုက်စွာပင် ကစားသမား(၉)ဦးဆက် ပယ်နယ်တီလွဲချော်ခဲ့ပြီး အင်နီယေစတာမှာမူ ၎င်း၏ပယ်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။
ဂျပန်စူပါဖလားအား ဂျေလိဂ်ချန်ပီယံအသင်းနှင့် ဘုရင့်ဖလားပြိုင်ပွဲချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားရပြီး ဆုကြေးအဖြစ် ယန်း(၃၀)သန်း ချီးမြှင့်ခဲ့သည်။

အဆိုပါဆုကြေးသည် အင်နီယေစတာ၏ တစ်ပတ်လုပ်ခထက် ထက်ဝက်ကျော်လျော့နည်းနေသေးသည်။
အင်နီယေစတာသည် ဗစ်ဆဲလ်ကိုဘေအသင်းတွင် တစ်ပတ်လုပ်ခပေါင်(၄)သိန်းခွဲရရှိနေပြီး ယင်းငွေပမာဏမှာ ဂျပန်ယန်းဖြင့်ဆိုပါက ယန်း(၆၃)သန်းရှိမည်ဖြစ်သည်။

အင်နီယေစတာအနေဖြင့် ဗစ်ဆဲလ်ကိုဘေအသင်းနှင့်အတူ ဒုတိယမြောက်ဆုဖလားရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။










