အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်ပြိုင်ဘက် ထွက်ပေါ်လာပြီး နယ်သာလန်နိုင်ငံသားဒီရစ်ဒါနှင့် ထိုးသတ်ရမည်ဖြစ်

အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်ပြိုင်ဘက် ထွက်ပေါ်လာပြီး နယ်သာလန်နိုင်ငံသားဒီရစ်ဒါနှင့် ထိုးသတ်ရမည်ဖြစ်
Published 8 February 2020

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ် ခွင့်ရခဲ့သည့် ဒီရစ်ဒါသည် MMA ကစားသမားဘဝ ၁၁ ပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ 

မြန်မာ MMA ကစားသမား အောင်လအန်ဆန် ဆွတ်ခူးရရှိထားသည့် ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်မည့် ကစားသမား ထွက်ပေါ်လာပြီဖြစ်ပြီး နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ONE Championship ၏ ထုတ်ပြန်မှုအရ ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် အနိုင်ရသည့်ကစားသမားကို ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲထိုးသတ်ခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ 

ယင်းပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါက ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုကို အနိုင်ရခဲ့သောကြောင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ 

ONE Championship သည် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်ရက်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။   

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ် ခွင့်ရခဲ့သည့် ဒီရစ်ဒါသည် MMA ကစားသမားဘဝ ၁၁ ပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ 

ဒီရစ်ဒါ သည် ONE Championship နှင့် သုံးပွဲထိုးသတ်ထားပြီး သုံးပွဲစလုံး အနိုင်ရထားကာ လေးပွဲမြောက်တွင် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ် ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရယူနိုင်ခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲ ထိုးသတ်ထားကာ ယခုပွဲမှာ လေးပွဲမြောက် ချန်ပီယံဆုကာကွယ်ပွဲလည်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ၊ ၂၀၁၉ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲတစ်ပွဲ ထိုးသတ်ခဲ့သည်။ 

အောင်လအန်ဆန်သည် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ထိုးသတ်ရာ နှစ်ပွဲစလုံး အနိုင်ရခဲ့ပြီး လက်ဘနွန် နိုင်ငံသား ကရာကီကိုလည်း အနိုင်ရရှိခဲ့သည်။ 

 

Most Read

Most Recent