အသင်းဟောင်း ဘာစီလိုနာ၊ ချန်ပီယံလိဂ်ပြိုင်ဘက် ရီးယဲလ်တို့အကြောင်း ဂွါဒီယိုလာဆွေးနွေးခဲ့ပြီး ခြေစွမ်းမပြနိုင်သေးသည့် ဟာဇက်ကိုလည်း ချီးကျူး

အသင်းဟောင်း ဘာစီလိုနာ၊ ချန်ပီယံလိဂ်ပြိုင်ဘက် ရီးယဲလ်တို့အကြောင်း ဂွါဒီယိုလာဆွေးနွေးခဲ့ပြီး ခြေစွမ်းမပြနိုင်သေးသည့် ဟာဇက်ကိုလည်း ချီးကျူး
Photos : Getty Images
Photos : Getty Images
Published 6 February 2020

 

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် စပိန်သတင်းစာ Marca နှင့် တွေ့ဆုံခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် အသင်းဟောင်း ဘာစီလိုနာ၊ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် ဆုံတွေ့ရမည့် ရီးယဲလ်တို့ နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်သေးသည့် အေဒင်ဟာဇက်ကိုလည်း ချီးကျူးပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဂွါဒီယိုလာက ဘာစီလိုနာအသင်း ရုန်းကန်နေရခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို "မင်းက အပြင်ကို သိပ်မထွက်ဘူး။ အိမ်ထဲမှာပဲ အနေများနေတာဖြစ်မယ်။ အပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို မသိဘူး။ ပြည်ပမှာ ကလပ်အသင်းများစွာက အကောင်းဆုံးနည်းပြတွေ၊ ကစားသမားတွေနဲ့ ပြင်ဆင်မှုတွေ လုပ်နေကြတယ်။ ဒါကို မမြင်သေးဘူး။ ဥရောပမှာ အသင်းကောင်းများစွာရှိပြီး အမှားလုပ်လို့မရတဲ့အခြေအနေကို ရောက်နေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက ပြန်လာဦးမှာပါ" ဟု ပြောကြားခဲ့သည်။

မက်ဆီမရှိသည့် အနာဂတ်နှင့် ပတ်သက်၍လည်း "စီရော်နယ်လ်ဒို မရှိတော့တဲ့အချိန်မှာ မက်ဒရစ်ရုန်းကန်ခဲ့ရသလို၊ မက်ဆီမရှိတော့တဲ့ အချိန်ဆိုရင်လည်း ဘာစီလိုနာက ဒီလိုအခြေအနေမျိုး ကြုံတွေ့နိုင်ပါတယ်။ ဒီကစားသမားတွေက အသင်းအတွက် အလွန်အရေးကြီးတဲ့ကစားသမားတွေဖြစ်နေလို့ပါ။ သူတို့က တစ်ရာသီကို ဂိုး (၄၀၊ ၅၀)လောက်သွင်းနိုင်ကြပါတယ်"ဟု ဆိုခဲ့သည်။

ဟာဇက်နှင့်ပတ်သက်၍လည်း "ဟာဇက်မကောင်းဘူးဆိုရင် ရီးယဲလ်မှာ တစ်ခုခုဖြစ်နေလို့ဖြစ်မှာပါ။ သူက ထိပ်တန်းအဆင့်ဆိုတာထက်ပိုတယ်။ အင်္ဂလန်မှာ ကျွန်တော်တို့ ဆုံတွေ့ခဲ့ဖူးပြီး ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ကစားသမားပါ" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent