ယခုနှစ်ရာသီကုန်တွင် မန်ယူအသင်းမှ ထွက်ခွာလိုနေသည်ဟု  အသင်းဖော်များကို ပေါ့ဘာ ဝန်ခံခဲ့

ယခုနှစ်ရာသီကုန်တွင် မန်ယူအသင်းမှ ထွက်ခွာလိုနေသည်ဟု  အသင်းဖော်များကို ပေါ့ဘာ ဝန်ခံခဲ့
Photos : Getty Images
Photos : Getty Images
Published 6 February 2020

 

မန်ယူအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်သည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလက အသင်းမှထွက်ခွာနိုင်ခြင်းမရှိခဲ့သော်လည်း လာမည့်နွေရာသီတွင် ထွက်ခွာရန်ဆန္ဒရှိဆဲဖြစ်ကြောင်း ရင်းနှီးသည့် အသင်းဖော်များကို ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နွေရာသီကတည်းက အသင်းမှထွက်ရန် စီစဉ်ခဲ့သည့် ပေါ့ဘာအား မန်ယူအသင်းက ရောင်းထုတ်ရန် ငြင်းဆန်ခဲ့ပြီး၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းကလည်း ဒဏ်ရာပြဿနာကြောင့် ပေါ့ဘာသည် အသင်းပြောင်းရွှေ့ရန်စီစဉ်နိုင်ခဲ့ခြင်းမရှိချေ။

ယခုအချိန်တွင် မန်ယူအသင်းသည် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အားခေါ်ယူခဲ့ပြီး ပေါ့ဘာနှင့် တွဲဖက်ကစားစေရန် ဆိုးလ်ရှားကဆန္ဒရှိနေသော်လည်း ပေါ့ဘာကမူ အသင်းက ထွက်ခွာရန်သာ ဆန္ဒရှိနေခြင်းဖြစ်သည်။

မန်ယူအသင်းအနေဖြင့်လည်း ပေါ့ဘာ၏ လက်ရှိစျေးကွက်တန်ဖိုးကြောင့် ၎င်းကိုရောင်းထုတ်ခဲ့ပါက ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများရှိလာမည်ကို စိုးရိမ်နေပြီး၊ ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးထက်ပိုရလျှင်ပင် ရောင်းချလိုခြင်းမရှိကြောင်း သိရှိရသည်။

ပေါ့ဘာကဲ့သို့ ကမ္ဘာကျော်ပုံရိပ်တစ်ခုကို ထွက်ခွင့်ပေးခဲ့ပါက ပြန်လည်အစားထိုးရန်ခက်ခဲမည်ကို အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က စိုးရိမ်နေပြီး အသင်းတွင် ဆက်လက်ထိန်းထားရန်အတွက်သာ ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent