အတူနေချစ်သူ ဂျော်ဂျီနာက စီရော်နယ်လ်ဒိုကို မွေးနေ့လက်ဆောင်အဖြစ် ယူရို(၁၈၀၀၀၀)တန် မာစီဒီးစ်ကား ဝယ်ပေးခဲ့

အတူနေချစ်သူ ဂျော်ဂျီနာက စီရော်နယ်လ်ဒိုကို မွေးနေ့လက်ဆောင်အဖြစ် ယူရို(၁၈၀၀၀၀)တန် မာစီဒီးစ်ကား ဝယ်ပေးခဲ့
Photo: Georgina
Photo: Georgina
Published 6 February 2020

ဖေဖော်ဝါရီ(၅)ရက်နေ့က အသက်(၃၅)နှစ်ပြည့်ခဲ့သည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို အတူနေချစ်သူ ဂျော်ဂျီနာက ယူရို(၁၈၀၀၀၀)တန် မာစီဒီးစ်ကား ဝယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဂျော်ဂျီနာသည် ယင်းကဲ့သို့ မွေးနေ့လက်ဆောင်ပေးမည်ကို စီရော်နယ်လ်ဒိုအား ကြိုတင်အသိပေးထားခဲ့ခြင်းမရှိဘဲ အံ့အားသင့်သွားအောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

တူရင်မြို့ရှိ စားသောက်ဆိုင်တစ်ခု၌ မွေးနေ့ပွဲ ဆင်နွှဲရန် ရောက်ရှိလာသည့် စီရော်နယ်လ်ဒိုကို ဂျော်ဂျီနာက မိတ်ဆွေများနှင့်အတူ စောင့်ဆိုင်းနေခဲ့ပြီး အနီရောင်ဖဲကြိုးပတ်ထားသည့် မာစီဒီးစ်ကားအား မွေးနေ့လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါမွေးနေ့လက်ဆောင်ပေးအပ်သည့် ဗီဒီယိုဖိုင်ကို Instagram တွင် တင်ခဲ့ရာ၌ ''ကျွန်မဘဝရဲ့ လူကြီးမင်းအတွက် ဂုဏ်ယူပါတယ်။ ရှင့်ရဲ့ မွေးနေ့လက်ဆောင်ပေါ်မှာ ကျွန်မတို့ရဲ့အချစ်တွေ သယ်ဆောင်မောင်းနှင်သွားဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ'' ဟု ရေသားခဲ့ကြောင်းလည်း သိရှိရသည်။

စီရော်နယ်လ်ဒို၏ မွေးနေ့ပွဲသို့ မိတ်ဆွေများသာမက အကြီးဆုံးသားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာလည်း တက်ရောက်ဆင်နွဲခဲ့ကြောင်း သိရှိရသည်။

 

 

Most Read

Most Recent