ပရီးမီးယားလိဂ်၏ လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလကို စက်တင်ဘာ(၁)ရက်နေ့မှ ပိတ်သိမ်းရန် ဆုံးဖြတ်

ပရီးမီးယားလိဂ်၏ လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလကို စက်တင်ဘာ(၁)ရက်နေ့မှ ပိတ်သိမ်းရန် ဆုံးဖြတ်
Photo: Premier League
Photo: Premier League
Published 6 February 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းမှုကို အပြောင်းအလဲပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလကို စက်တင်ဘာ(၁)ရက်နေ့မှ ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်သည် ၂၀၁၈ နှင့်၂၀၁၉ ခုနှစ်တို့တွင် နွေရာသီအပြောင်းအရွှေ့ကာလကို ရာသီသစ်မစမီ ပိတ်သိမ်းခဲ့သည်။

သို့သော် အခြားပြိုင်ဘက်လိဂ်များက ပုံမှန်အတိုင်း သြဂုတ်(၃၁)အထိ ဖွင့်လှစ်ခဲ့သည့်အတွက် ပြိုင်ဘက်များနှင့်ယှဉ်လျှင် နစ်နာမှုရှိသည်ဟု ကလပ်အသင်းအများစုက ယူဆခဲ့ပြီး အပြောင်းအလဲပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့ပြုလုပ်သော ကလပ်အသင်းရှယ်ယာရှင်များ၏ အစည်းအဝေးတွင် နွေရာသီအပြောင်းအရွှေ့ကာလအတွက် မဲခွဲဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ(၁)ရက်မှ ပိတ်သိမ်းရန် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၈)ရက်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလကို စက်တင်ဘာ(၁)ရက်တွင် ပိတ်သိမ်းမည်ဖြစ်သည်။

သြဂုတ်(၃၁)ရက်နေ့မှာ ဗြိတိန်၏ ဘဏ်ပိတ်ရက်ဖြစ်နေသည့်အတွက် စက်တင်ဘာ(၁)ရက်မှ ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent