စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)သည် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ယခုနှစ်အပါအဝင် ၂၀၂၃ ခုနှစ်အထိ ဆီဗီလာအသင်း၏ လာကာတူဟာကွင်း၌ လက်ခံကျင်းပသွားရန် ရွေးချယ်လိုက်ကြောင်း သိရှိရသည်။
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို လက်ခံကျင်းပရန် အက်သလက်တီကိုအသင်းနှင့် ဆီဗီလာအသင်းတို့က အပြိုင်လျှောက်ထားခဲ့ကြပြီး ဆီဗီလာအသင်း၏ တာကာတူဟာကွင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လာကာတူဟာကွင်းသည် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ၂၀၀၁ ခုနှစ်က နောက်ဆုံးအကြိမ် လက်ခံကျင်းပခဲ့ဖူးပြီး ယခုအခါ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ နှင့်၂၀၂၃ ခုနှစ်များတွင် (၄)နှစ်ဆက်တိုက် လက်ခံကျင်းပရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ယခုရာသီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ဧပြီလ(၁၈)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။










