စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Published 6 February 2020

ဆိုစီဒက်က ရီးယဲလ်ကို ပြီးခဲ့တဲ့ရာသီက နှစ်ကျော့စလုံး အနိုင်ကစားခဲ့တဲ့အသင်းပါ။ လက်ရှိအချိန်မှာ ခြေတွေ့ရင်တွေ့သလို ရင်ဆိုင်ရခက်တဲ့အသင်းလို့ ဆိုရမှာဖြစ်ပြီး နိုင်ပွဲဆက်နေတဲ့ ရီးယဲလ်အတွက် ပြိုင်ဘက်ကောင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

ရီးယဲလ် နှင့် ဆိုစီဒက် (သောကြာနံနက် ဝဝး၃၀ နာရီ)

ဆိုစီဒက်က ရီးယဲလ်ကို ပြီးခဲ့တဲ့ရာသီက နှစ်ကျော့စလုံး အနိုင်ကစားခဲ့တဲ့အသင်းပါ။ လက်ရှိအချိန်မှာ ခြေတွေ့ရင်တွေ့သလို ရင်ဆိုင်ရခက်တဲ့အသင်းလို့ ဆိုရမှာဖြစ်ပြီး နိုင်ပွဲဆက်နေတဲ့ ရီးယဲလ်အတွက် ပြိုင်ဘက်ကောင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အဝေးကွင်းဆိုရင် အားလျော့သွားတတ်တာကြောင့်  ရီးယဲလ်ကိုပဲ ရွေးချယ်ချင်ပါတယ်။

ဘီလ်ဘာအို နှင့် ဘာစီလိုနာ (သောကြာနံနက် ၂း၃၀ နာရီ)

လာလီဂါမှာ အမှတ်ပေးဇယား ဒုတိယနေရာရောက်သွားတဲ့ ဘာစီလိုနာအသင်းအတွက် ပွဲတိုင်းမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် အာရုံစိုက်ကစားသွားမယ့် အလားအလာလည်း ရှိနေပါတယ်။ ဘီလ်ဘာအိုက သရေရလဒ်တွေနဲ့ ရုန်းကန်နေရတဲ့အသင်းပါ။ ဒီပွဲမှာလည်း ခံကစားဖို့ ကြိုးစားဦးမှာဖြစ်ပေမယ့် ဘာစီလိုနာနဲ့ ဂိုးအများပဲ ဖြစ်နိုင်ပါတယ်။

 

Most Read

Most Recent