ပေါ့ဘာကို ရောင်းချစေရန် မန်ယူအသင်းဖော်အများစု ဆန္ဒရှိနေကြဟု Manchester Evening News သတင်းစာ ဖော်ပြ

ပေါ့ဘာကို ရောင်းချစေရန် မန်ယူအသင်းဖော်အများစု ဆန္ဒရှိနေကြဟု Manchester Evening News သတင်းစာ ဖော်ပြ
Published 6 February 2020

မန်ယူအသင်းတွင် ပေါ့ဘာ မရှိမှသာ အသင်း၏ အဝတ်လဲခန်းအတွင်း ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု မန် ယူကစားသမားအများစုက ယုံကြည်လျက်ရှိနေကြကြောင်း Manchester Evening News သတင်းစာက ဖော်ပြခဲ့သည်။ 

 

မန်ယူအသင်းတွင် ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချစေရန် အသင်းဖော်အများစုက ဆန္ဒရှိနေကြကြောင်း Manchester Evening News သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းတွင် ပေါ့ဘာ မရှိမှသာ အသင်း၏ အဝတ်လဲခန်းအတွင်း ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု မန် ယူကစားသမားအများစုက ယုံကြည်လျက်ရှိနေကြကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။ 

ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး အသင်း၏ပွဲအများစုကို လွဲချော်လျက်ရှိသည်။ 

သို့သော် ကွင်းပြင်ပတွင် ၎င်းစိတ်ကြိုက် သွားလာလှုပ်ရှားနေပြီး ယင်းလုပ်ရပ်များကို Instagram တွင် တင်လေ့ရှိသည့် ပေါ့ဘာအား မန်ယူပရိသတ်အချို့က မကျေမနပ်ဖြစ်နေကြသလို၊ ၎င်းအားနည်းပြ ဆိုးလ်ရှား၏ ကိုင်တွယ်မှုကိုလည်း မေးခွန်းထုတ်လျက် ရှိနေကြသည်။

ပေါ့ဘာကိုယ်တိုင်ကလည်း ယခုရာသီကုန်လျှင် မန်ယူအသင်းနှင့် သူ လမ်းခွဲတော့မည်ဟု အသင်းဖော်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

ပေါ့ဘာ၏ အသင်းဟောင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၆ ခုနှစ် နွေရာသီက မန်ယူအသင်းထံ ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းဖြင့် ရောင်းချခဲ့သော ၎င်းအား ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့ကြသည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလက ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့ပြီးနောက် ပေါ့ဘာကို ပြန်လည်ရောင်းချရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

 

Most Read

Most Recent