စစ်ကိုင်းယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဦးဇော်လင်းထွန်း ပြန်လည်တာဝန်ယူမည်

စစ်ကိုင်းယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဦးဇော်လင်းထွန်း ပြန်လည်တာဝန်ယူမည်
Photos : RUFC
Photos : RUFC
Published 5 February 2020

 

စစ်ကိုင်းယူနိုက်တက်အသင်းသည် ၂၀၂၀ ရာသီအစမှာပင် နည်းပြအပြောင်းအလဲပြန်လည်ပြုလုပ်ခဲ့ပြီး ဦးဇော်လင်းထွန်းက နည်းပြချုပ်အဖြစ် ပြန်လည်တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ဦးဇော်လင်းထွန်းသည် ရာသီမစမီ နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးမင်းကြည်ကို တာဝန်ပေးအပ်ခဲ့သည်။ ပွဲစဉ် (၅) မှစတင်ကာ ဦးဇော်လင်းထွန်းက နည်းပြချုပ်အဖြစ် ပြန် လည်တာဝန်ယူပြီး ဦးမင်းကြည်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ထားရှိမည်ဖြစ်သည်။ 

"လာမယ့် MNL ပွဲစဉ် (၅) ကစပြီး ကျွန်တော်က နည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ယူမှာဖြစ်ပါတယ်။ ဦးမင်းကြည်ကတော့ နည်းစနစ်ဒါ ရိုက်တာအဖြစ် ရှိနေမှာပါ။ အသင်းရလဒ် ပိုမိုကောင်းမွန်ဖို့အတွက် အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ပွဲမှာ ရလဒ်ကောင်းဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ ဟု ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။ 

ဦးဇော်လင်းထွန်းသည် စစ်ကိုင်းအသင်း  (ယခင်မဟာအသင်း) စတင်တည်ထောင်ကတည်းက နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

 

Most Read

Most Recent