လူငယ်တိုက်စစ်မှူး မာတင်နယ်လီကို အိုလံပစ်ခြေစစ်ပွဲမကစားရန် အာဆင်နယ်အသင်း တားဆီး

လူငယ်တိုက်စစ်မှူး မာတင်နယ်လီကို အိုလံပစ်ခြေစစ်ပွဲမကစားရန် အာဆင်နယ်အသင်း တားဆီး
Photos: Arsenal
Photos: Arsenal
Published 5 February 2020

 

အာဆင်နယ်အသင်းသည် လူငယ်တိုက်စစ်မှူး မာတင်နယ်လီကို ဘရာဇီးလ်အသင်း၏ အိုလံပစ်ခြေစစ်ပွဲကို သွားရောက်မကစားရန်တားဆီးခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်း၏တားဆီးမှုကို မာတင်နယ်လီကိုယ်တိုင် ဘရာဇီးလ်မီဒီယာ Uol သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ အသက် ၁၉ နှစ်အ ရွယ်သာရှိသေးသူ မာတင်နယ်လီသည် အနယ်လ်ကာ(၁၉၉၈-၉၉)နောက်ပိုင်း တစ်ရာ သီအတွင်း အာဆင်နယ်အသင်းအတွက် ၁၀ ဂိုးနှင့်အထက် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့သည်။ 

၎င်းအနေဖြင့် ကိုလံဘီယာနိုင်ငံ၌ကျင်းပလျက်ရှိသည့် ယင်းပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းနှင့်ပါဝင်ကစားပြီး တိုကျိုအိုလံပစ်၌ကစားခွင့်ရရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ မာတင်နယ်လီသည် ဖခင်ဖြစ်သူကြောင့် ဘရာဇီးလ်နှင့်အီတလီ နှစ်နိုင်ငံသားခံယူခွင့်ရထားပြီး အီတလီလက်ရွေးစင်အသင်းကိုယ်စားပြု ကစားခွင့်လည်း ရှိနေသည်။

 

Most Read

Most Recent